{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံနဲ႔နယ္စပ္ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕ကေန ထြက္ခ်င္သူေတြအေနနဲ႔ မျဖစ္မေန အေၾကာင္းျပခ်က္တခ်ိဳ႕နဲ႔ ထြက္တာကလြဲလို႔ အနည္းဆုံး ခုနစ္ရက္ၾကာ သီးျခားခြဲေနၿပီးေတာ့မွ ထြက္ခြင့္ရမယ္လို႔ ေ႐ႊလီအာဏာပိုင္ေတြက ဒီကေန႔ ေၾကညာပါတယ္။ ၿမိဳ႕မွာစီစဥ္ထားတဲ့ တစုတစည္းတည္း ေနရာေတြမွာ သီးျခားခြဲေနၾကရမွာပါ။
ေ႐ႊလီၿမိဳ႕တြင္းမွာကိုပဲ ကိုဗစ္ေရာဂါကူးစက္မႈေတြ ရွိခဲ့ၿပီးတဲ့ေနာက္ တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ဆိုင္ရာ ခ်မွတ္ခဲ့တဲ့ ကန႔္သတ္မႈေတြထဲ အတင္းက်ပ္ဆုံး ကန႔္သတ္ခ်က္ေတြကို ခ်မွတ္ထားတာပါ။
ယူနန္ျပည္နယ္ဟာ လာအို၊ ျမန္မာ၊ ဗီယက္နမ္ႏိုင္ငံေတြနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး မိုင္ေပါင္း ၂,၄၀၀ ေက်ာ္ရွိတဲ့ နယ္စပ္တေလွ်ာက္ တရားမဝင္ ဝင္လာတာေတြကို တားဆီးဖို႔ ႀကိဳးစားေနရပါတယ္။
တ႐ုတ္ႏိုင္ငံမွာ လြန္ခဲ့တဲ့ ၁၀ ရက္ကစၿပီး ကို႐ိုနာဗိုင္းရပ္စ္ တေက်ာ့ျပန္ကူးစက္မႈေတြ ျဖစ္လာခဲ့ၿပီးကတည္းကဆိုရင္ ျပည္တြင္းမွာတင္ ဗိုင္းရပ္စ္ကူးစက္သူအေရအတြက္ ၂၅၀ နီးပါးရွိေနပါၿပီ။
ေအာက္တိုဘာလ ၂၆ရက္ေန႔က ျပည္တြင္းမွာတင္ ေနာက္ထပ္ေရာဂါကူးစက္သူ အေယာက္ ၅၀ ရွိတယ္လို႔ အစိုးရက တရားဝင္ထုတ္ျပန္တာေၾကာင့္ စက္တင္ဘာလ ၁၆ ရက္ေန႔ကတည္းကဆိုရင္ တရက္အတြင္း ကူးစက္သူအေရအတြက္ အမ်ားဆုံးျဖစ္ပါတယ္။
ေရွ႕ႏွစ္ ေဖေဖာ္ဝါရီလမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္အားကစားပြဲအတြက္ COVID-19 ကပ္ေရာဂါဟာ အႀကီးမားဆုံး ရင္ဆိုင္ရတဲ့ကိစၥျဖစ္တယ္လို႔ တ႐ုတ္အစိုးရက ေျပာထားပါတယ္။
----------
{{Unicode}}
တရုတ် ရွှေလီမြို့မှာ ကပ်ဘေးကန့်သတ်မှုတင်းကြပ်
မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ကနေ ထွက်ချင်သူတွေအနေနဲ့ မဖြစ်မနေ အကြောင်းပြချက်တချို့နဲ့ ထွက်တာကလွဲလို့ အနည်းဆုံး ခုနစ်ရက်ကြာ သီးခြားခွဲနေပြီးတော့မှ ထွက်ခွင့်ရမယ်လို့ ရွှေလီအာဏာပိုင်တွေက ဒီကနေ့ ကြေညာပါတယ်။ မြို့မှာစီစဉ်ထားတဲ့ တစုတစည်းတည်း နေရာတွေမှာ သီးခြားခွဲနေကြရမှာပါ။
ရွှေလီမြို့တွင်းမှာကိုပဲ ကိုဗစ်ရောဂါကူးစက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံမှာ ကိုဗစ်ဆိုင်ရာ ချမှတ်ခဲ့တဲ့ ကန့်သတ်မှုတွေထဲ အတင်းကျပ်ဆုံး ကန့်သတ်ချက်တွေကို ချမှတ်ထားတာပါ။
ယူနန်ပြည်နယ်ဟာ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မိုင်ပေါင်း ၂,၄၀၀ ကျော်ရှိတဲ့ နယ်စပ်တလျှောက် တရားမဝင် ဝင်လာတာတွေကို တားဆီးဖို့ ကြိုးစားနေရပါတယ်။
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ ရက်ကစပြီး ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်ကူးစက်မှုတွေ ဖြစ်လာခဲ့ပြီးကတည်းကဆိုရင် ပြည်တွင်းမှာတင် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၂၅၀ နီးပါးရှိနေပါပြီ။
အောက်တိုဘာလ ၂၆ရက်နေ့က ပြည်တွင်းမှာတင် နောက်ထပ်ရောဂါကူးစက်သူ အယောက် ၅၀ ရှိတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်တာကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့ကတည်းကဆိုရင် တရက်အတွင်း ကူးစက်သူအရေအတွက် အများဆုံးဖြစ်ပါတယ်။
ရှေ့နှစ် ဖေဖော်ဝါရီလမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွက် COVID-19 ကပ်ရောဂါဟာ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ကိစ္စဖြစ်တယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။
#MyanmarMigrants #MyanmarChina #ChinaRuili @VOABurmese
#ရွှေလီ#ကိုဗစ်#မြန်မာအလုပ်သမား
----------