သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်


တရုတ်ပြည်မကြီးနဲ့ ကိုရီးယားနိုင်ငံ ကျွန်းဆွယ်အကြားက ပင်လယ်ဝါအတွင်း တရုတ်နဲ့ ရုရှားရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဒီကနေ့ စတင် ကျင်းပပါတယ်။

၆ ရက်ကြာ ကျင်းပမယ့် ဒီရေတပ် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က စစ်သင်္ဘော ၁၆ စင်း၊ ရေငုပ်သင်္ဘော ၂ စင်းနဲ့ ရုရှားဘက်က စစ်သင်္ဘော ၄ တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုအတွင်း လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘောရန် ကာကွယ်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ပြန်ပေးဆွဲခံရတဲ့သင်္ဘောတွေ ကယ်ဆယ်ရေးနဲ့ အကြမ်းဖက်သမား ဆန့်ကျင်ရေးဆိုင်ရာ ရေကြောင်း လေ့ကျင့်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

စစ်အေးခေတ်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ၂၀၀၅ ခုနှစ်ကစပြီး အခုလို နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပေါင်း ၄ ကြိမ်တိုင်တိုက် ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံစလုံးဟာ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် အဆုံးသတ်ရေး ၆ နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှာ ပါဝင်ကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။

XS
SM
MD
LG