သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတနဲ့ နီးစပ်သူ Li Qiang ခန့်အပ်ခံရ


Fourth plenary session of the National People's Congress (NPC) in Beijing
Fourth plenary session of the National People's Congress (NPC) in Beijing

တရုတ်နိုင်ငံမှာ ဒုတိယ အာဏာအရှိဆုံး ရာထူးဖြစ်တဲ့ ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတနဲ့ နီးစပ်သူ Li Qiang ကို ဒီနေ့ တင်မြှောက်လိုက်ပါပြီ။ မနေ့ကပဲ တတိယမြောက် ၅ နှစ်သက်တမ်း သမ္မတဖြစ်လာတဲ့ အသက် ၆၉ နှစ်အရွယ် Xi Jinping က Li Qiang ကို အခုလို အဆိုပြုခဲ့ပြီး၊ တရုတ်အမျိုးသား ပြည်သူ့လွှတ်တော်က ဒီနေ့ မနက်မှာ အစဉ်အလာအတိုင်း တခဲနက်လိုက်ပါ အတည်ပြုပေးလိုက်တာပါ။

ဝန်ကြီးချုပ်ဟောင်း Li Keqiang ကို အစားထိုးမယ့်အသက် ၆၃ နှစ်အရွယ် ဝန်ကြီးချုပ်သစ် Li Qiang ဟာ အရင် တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှန်ဟိုင်းမြို့ အကြီးအကဲ ဖြစ်ခဲ့ပြီး၊ လွှတ်တော်မှာ ထောက်ခံမဲ ၂,၉၃၆ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေ ၈ မဲ နဲ့ အခုလို တင်မြှောက်ခံရတာပါ။ Li ဟာ သမ္မတ Xi ရဲ့ ကိုဗစ် လုံးဝကင်းစင်ရေး ကိုဗစ် Zero မူဝါဒကို တရုတ်ရဲ့ စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့ကြီးမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့သူဖြစ်ပြီး၊ သမ္မတ Xi ရဲ့ ယုံကြည်စိတ်ချမှု အရဆုံးသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်မှာ အရင် သမ္မတ Xi ပါတီအတွင်းရေးမှူး ဖြစ်ခဲ့ချိန်တုန်းကလည်း Li ဟာ Xi ရဲ့ အရာရှိချုပ်အဖြစ် ၂၀၀၄ ကနေ ၂၀၀၇ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စထူထောင်ပြီးကတည်းကဆိုရင် Li ဟာ ဗဟိုကော်မတီဝင်ကနေတဆင့် ဝန်ကြီးချုပ်နေရာ တက်လာသူ မဟုတ်ဘဲ၊ ဒေသန္တရအဆင့် အစိုးရတာဝန်တွေကနေ တိုက်ရိုက် ပထမဆုံး တက်လာသူဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် Li ဟာ သမ္မတနဲ့ ပုဂ္ဂိုလ်ရေးနီးစပ်သူ ဖြစ်တာကြောင့် လုပ်ပိုင်ခွင့်တွေ အများကြီး ပိုရလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၃ % သာ တိုးခဲ့တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး ပြန်လည်နာလန်ထူလာအောင် ဝန်ကြီးချုပ်သစ် Li အဓိက ကိုင်တွယ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

==== Unicode =====





XS
SM
MD
LG