သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ဂျပန်ခေါင်းဆောင်တွေ APEC စည်းဝေးပြင်ပမှာ သီးခြားဆွေးနွေး


Japan's Prime Minister Fumio Kishida and Chinese President Xi Jinping pose for a family photo during Asia-Pacific Economic Cooperation (APEC) CEO Summit in San Francisco, California, U.S. November 16, 2023. REUTERS/Carlos Barria
Japan's Prime Minister Fumio Kishida and Chinese President Xi Jinping pose for a family photo during Asia-Pacific Economic Cooperation (APEC) CEO Summit in San Francisco, California, U.S. November 16, 2023. REUTERS/Carlos Barria

တရုတ်နဲ့ ဂျပန်ခေါင်းဆောင်တွေ APEC အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးပွဲပြင်ပမှာ ၂ နိုင်ငံနဲ့ကမ္ဘာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်မှာ လုပ်နေတဲ့ APEC ထိပ်သီးဆွေးနွေးပွဲအပြင်မှာ အာရှစီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ တရုတ်သမ္မတ Xi Jinping နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ မနေ့ကပဲ သီးသန့်ဆွေးနွေးခဲ့တာပါ။

ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပနေတဲ့ APEC ထိပ်သီးပွဲ ပြင်ပမှာ တရုတ်သမ္မတ Xi က ဂျပန်နဲ့ မဟာဗျူဟာကျတဲ့ ရပ်တည်ချက်ဆိုင်ရာနဲ့ ဘုံအကျိုးရှိမဲ့ ဆက်ဆံရေးတွေ တည်ဆောက်ရေး ထပ်မံအတည်ပြုဖို့ ပြောခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် Kishida ကလည်း၊ နှစ်နိုင်ငံအနေနဲ့ ကမ္ဘာငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတွေအပေါ် ဘုံအကျိုးတူ တာဝန်ကိုယ်စီရှိကြတာကို လက်ခံထားပြီးသားပါလို့ ရှင်းပြခဲ့ပါတယ်။

နယ်မြေအငြင်းပွားမူအပါအဝင် သမိုင်းကြောင်းအရ တင်းမာလာခဲ့တဲ နှစ်နိုင်ငံဆွေးနွေးပွဲမှာ ပို့ကုန်ထိန်းချုပ်ရေးပြဿနာအပေါ် ဆွေးနွေးပွဲဆိုင်ရာ မူဘောင်သစ်နဲ့ အန္တရာယ်ကင်းတဲ့ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးတွေကို အဓိကဆွေးနွေးကြဖို့ မျှော်လင့်ထားကြပါတယ်။

ဒီမတိုင်ခင် အခု APEC ထိပ်သီးပွဲကြုံကြိုက်ချိန်မှာပဲ၊ တရုတ်သမ္မတ Xi နဲ့ အမေရိကန်သမ္မတ Joe Biden တို့ ဗုဒ္ဓဟူးနေ့က ၄ နာရီအထိကြာ၊ နှစ်နိုင်ငံနဲ့ ကမ္ဘာ့အရေးတွေကို ဒီနှစ်ထဲ ပထမဆုံးအဖြစ် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပါသေးတယ်။

ဒါ့အပြင် APEC ထိပ်သီးပွဲလာရင်း၊ သမ္မတ Xi ဟာ မက်ဆီကို၊ ပီရူး၊ ဘရူနိုင်း၊ ဖီဂျီ နိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း နှစ်ဘက်သီးသန့်တွေ့ဆုံပွဲတွေ လုပ်ခဲ့ပါသေးတယ်။

XS
SM
MD
LG