သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံ စီက်န္းျပည္နယ္မွာ ကိုဗစ္လူနာသစ္ တေန႔ တသန္းေတြ႔႐ွိေန


တ႐ုတ္ႏိုင္ငံ၊ Hangzhou ၿမိဳ႕တြင္ ကိုဗစ္ စမ္းသပ္စက္၀ယ္ယူေနၾကသူမ်ား။

တ႐ုတ္ႏိုင္ငံ ႐ွန္ဟိုင္းၿမိဳ႕ႀကီးအနီးက စီက်န္းျပည္နယ္မွာ တစ္ေန႔ကို ကိုဗစ္ပိုးေတြ႔လူနာအသစ္ တစ္သန္း႐ွိေနၿပီး လာမယ့္ရက္ေတြမွာ ႏွစ္ဆ ျဖစ္လာစရာ ႐ွိတယ္လို႔ ျပည္နယ္အစိုးရက တနဂၤေႏြေန႔က ေျပာပါတယ္။

တစ္ႏိုင္ငံလုံးမွာ ပိုးေတြ႔လူနာေတြ မ်ားလာေပမဲ့၊ စေနေန႔အထိ ငါးရက္အတြင္းမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ မ႐ွိခဲ့ဘူးလို႔ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာနက တနဂၤေႏြေန႔က ေျပာပါတယ္။ ဒါေပမဲ့ ကြၽမ္းက်င္သူေတြနဲ႔ ျပည္သူေတြကေတာ့ စာရင္းပိုတိတိက်က် ထုတ္ျပန္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။

စီက်န္းျပည္နယ္မွာ လူဦးေရ ၆၅.၄ သန္း႐ွိၿပီး၊ ေဆး႐ုံေတြမွာ ကိုဗစ္လူနာ ၁၃၆၈၃ ေယာက္ ကုသေနရတယ္လို႔ ထုတ္ျပန္ထားပါတယ္။ လူ ၂၄၂ ေယာက္ဟာ အခံေရာဂါေတြေၾကာင့္ ေဝဒနာျပင္းထန္ေနတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ေၾကာင့္ေသဆုံးသူလို႔ အဓိပၸါယ္ဖြင့္ရာမွာ ကိုဗစ္ေၾကာင့္ျဖစ္တဲ့ နမိုးနီးယားနဲ႔ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါပဲ ပါဝင္ၿပီး၊ အျခားေရာဂါေတြ မပါဝင္ပါဘူး။

ကိုဗစ္ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့လိုက္ၿပီးတဲ့ေနာက္၊ တ႐ုတ္က ကိုဗစ္ဆိုင္ရာ အခ်က္အလက္သတင္းေတြ မရ႐ွိေတာ့ဘူးလို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က ေျပာပါတယ္။ လူဦးေရမ်ားလွတဲ့ တ႐ုတ္ႏိုင္ငံမွာ ေရာဂါ စာရင္းေကာက္ယူဖို႔ အားထုတ္ေနရပုံရတယလို႔ WHO က ထင္ပါတယ္။

==== Unicode ====

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကြီးအနီးက စီကျန်းပြည်နယ်မှာ တစ်နေ့ကို ကိုဗစ်ပိုးတွေ့လူနာအသစ် တစ်သန်းရှိနေပြီး လာမယ့်ရက်တွေမှာ နှစ်ဆ ဖြစ်လာစရာ ရှိတယ်လို့ ပြည်နယ်အစိုးရက တနင်္ဂနွေနေ့က ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ပိုးတွေ့လူနာတွေ များလာပေမဲ့၊ စနေနေ့အထိ ငါးရက်အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ မရှိခဲ့ဘူးလို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက တနင်္ဂနွေနေ့က ပြောပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေကတော့ စာရင်းပိုတိတိကျကျ ထုတ်ပြန်ပေးဖို့ တောင်းဆိုနေကြပါတယ်။

စီကျန်းပြည်နယ်မှာ လူဦးရေ ၆၅.၄ သန်းရှိပြီး၊ ဆေးရုံတွေမှာ ကိုဗစ်လူနာ ၁၃၆၈၃ ယောက် ကုသနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ လူ ၂၄၂ ယောက်ဟာ အခံရောဂါတွေကြောင့် ဝေဒနာပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့်သေဆုံးသူလို့ အဓိပ္ပါယ်ဖွင့်ရာမှာ ကိုဗစ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပဲ ပါဝင်ပြီး၊ အခြားရောဂါတွေ မပါဝင်ပါဘူး။

ကိုဗစ်ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပြီးတဲ့နောက်၊ တရုတ်က ကိုဗစ်ဆိုင်ရာ အချက်အလက်သတင်းတွေ မရရှိတော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ လူဦးရေများလှတဲ့ တရုတ်နိုင်ငံမှာ ရောဂါ စာရင်းကောက်ယူဖို့ အားထုတ်နေရပုံရတယလို့ WHO က ထင်ပါတယ်။

XS
SM
MD
LG