သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်အကျပ်အတည်း နိုင်ငံတကာဖြေရှင်းရမယ့်ပြဿနာမဟုတ်ဟု တရုတ်နိုင်ငံပြော


တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi

ရခိုင်ပြည်နယ် အကျပ်အတည်းဟာ နိုင်ငံတကာအဆင့် ဖြေရှင်းရမယ့် ပြဿနာတခုမဟုတ် ကြောင်းနဲ့ ပြည်ပက ကြားဝင်ဖြေရှင်းမှုတွေကို လက်ခံနိုင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် အကျပ်အတည်းဟာ နိုင်ငံတကာအဆင့် ဖြေရှင်းရမယ့် ပြဿနာတခုမဟုတ် ကြောင်းနဲ့ ပြည်ပက ကြားဝင်ဖြေရှင်းမှုတွေကို လက်ခံနိုင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးဟာ မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဖြေရှင်းရမယ့် ကိစ္စတခု ဖြစ်ပြီး ပြဿနာကို ရှုပ်ထွေးအောင်လုပ်တာ၊ ချဲ့ကားတာ၊ နိုင်ငံတကာကိစ္စဖြစ်အောင် လုပ်တာမျိုးကို လက်ခံမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ Wang Yi က ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရှာဖွေဖော်ထုတ်မယ့် အဖွဲ့တခု ဖွဲ့စည်းရေး မနေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်မှာပဲ တရုတ်နိုင်ငံက ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအထိ ကျုးလွန်ရာ ရောက်ခဲ့သလား ဆိုတာကိုပါ လေ့လာဆန်းစစ်ဖို့ တာဝန်ပေးမယ့် အဖွဲ့တခု ဖွဲ့စည်းရေးအတွက် အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ လူ့အခွင့်အရေး ကောင်စီမှာ မနေ့တုန်းက မဲခွဲဆုံးဖြတ်ရာမှာတော့ နိုင်ငံပေါင်း ၃၅ နိုင်ငံက ထောက်ခံခဲ့ကြပြီး တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘူရွန်ဒီ ၃ နိုင်ငံက ကန့်ကွက် မဲပေးခဲ့ကြပါတယ်။ မြန်မာအစိုးရ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hasan Mahmood Ali တို့နဲ့ မနေ့တုန်းက သီးသန့်တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးကတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ဆွေးနွေး အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ထိတွေ့ဆက်ဆံရာမှာ တရုတ်နိုင်ငံက အကူအညီပေးဖို့ ဆန္ဒရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပနေတဲ့ နယူးယောက်မြို့မှာ အတွင်းရေး မှူးချုပ် Antonio Guterres လည်း ပါဝင်ခဲ့တဲ့ တွေ့ဆုံမှုအတွင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်း အ၀န်းအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီကြဖို့ တိုက်တွန်းခဲ့ကြောင်းလည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG