သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပႆနာ ဘက္လိုက္မႈမရွိပဲ ၀င္ေရာက္ေစ႔စပ္ဖို႔ တရုတ္ဆႏၵရွိ


Wang Yi, Chinese State Councilor and Foreign Minister

တရုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံမွာ ျဖစ္ပြါးေနတဲ့ တင္းမာမႈေတြေျပေလ်ာ့ေအာင္ ဘက္မလိုက္ပဲ သမာသမတ္က်က် ညွိႏိႈင္းေပးလိုတယ္လို႔ တရုတ္ ႏိုင္ငံေတာ္အတို္င္ပင္ခံ၊ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က တနဂၤေႏြေန႔ မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

”ျမန္မာႏိုင္ငံဟာ အာဆီယံအဖြဲ႔ဝင္တႏိုင္ငံျဖစ္ၿပီး အာဆီယံရဲ့ တျခားႏိုင္ငံအေရးဝင္မစြက္တဲ့ မူဝါဒကို တရုတ္က ေထာက္ခံသလို ျမန္္မာျပည္သူေတြရဲ့ ဆႏၵနဲ႔အခ်ဳပ္ျခားအာဏာကို ေလးစာေၾကာင္းနဲ႔ တရုတ္ႏိုင္ငံအေနနဲဲ႔ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ ဆက္သြယ္ေျပာၾကားဖုိ႔ အသင့္ရွိၿပီး ျမန္မာႏုိင္ငံရဲ့ လက္ရွိအေျခေန တင္းမာမႈေလ်ာ့ပါးေစဖုိ႔ အျပဳသေဘာေဆာင္တဲ့ က႑ကေန ပါဝင္ဖို႔ အသင့္ရွိေၾကာင္း” ေျပာသြားတာပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံ တိုးတက္ဖြံ႔ၿဖိဳးေရးအတြက္ ႏိုင္ငံတြင္း ၿငိမ္းခ်မ္းမႈနဲ႔ တည္ၿငိမ္မႈ ရွိဖို႔ လိုအပ္တာေၾကာင့္ ညွိႏႈိင္း ေဆြးေႏြးၾကဖို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း သက္ဆိုင္ရာ အဖြဲ႔အစည္းေတြ အေနနဲ႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ထိန္းထိန္းသိမ္းသိမ္း ရွိၾကဖို႔၊ ျပည္သူလူထုရဲ့ အေျခခံအက်ိဳးစီးပြါးအတြက္ မိမိရဲ့ မတူကြဲျပားမႈေတြကို ဖြဲ႔စည္းပံုနဲ႔ ဥပေဒေဘာင္အတြင္းကပဲ ေဆြးေႏြးညွိႏိႈင္းၿပီး အေျဖရွာၾကဖို႔ အျပင္ ႏိုင္ငံံ့ရဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ တိုးတက္ေအာင္ ဆက္လုပ္ဖို႔ပါ ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ လက စစ္တပ္ကအာဏာသိမ္းတာမ်ိဳးကို တရုတ္ႏိုင္ငံအေနနဲ႔ လံုဝျမင္ေတြ႔လိုတာ မဟုတ္ေၾကာင္း တရုတ္အစိုးရက ေျပာၾကားခဲ့သလို ဒီလို အာဏာသိမ္းမႈမွာ တရုတ္အစိုးရရဲ့ ပါဝင္ပတ္သက္မႈရွိေနတယ္ဆိုတဲ့ မီဒီယာေတြမွာ ေဖၚျပေနတာေတြကလည္း မဟုတ္မွန္ေၾကာင္း ျငင္းဆိုထားတာပါ။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး အရပ္သားေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ေခါင္းေဆာင္ေတြကို ဖမ္းဆီးထားတာ အျမန္ျပန္လႊတ္ေပးဖို႔ ကုလသမဂၢလံုၿခံဳေရး ေကာင္စီရဲ့ေၾကညာခ်က္ကို တရုတ္က သေဘာတူခဲ့သလို. ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္ အေရးေပၚ အေျခေန ေၾကညာတာ အတြက္ စိိုးရိမ္စိတ္ပူေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ျမန္မာႏိုင္ငံမွာ ဘယ္လို အေျပာင္းလဲေတြပဲျဖစ္ျဖစ္ တရုတ္- ျမန္မာဆက္ဆံေရးကေတာ့ ေျပာင္းလဲမွာ မဟုတ္ေၾကာင္းလဲ ႏို္င္ငံျခားေရးဝန္ႀကီးး က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


------------------------------------------

မြန်မာပြဿနာ ဘက်လိုက်မှုမရှိပဲ ဝင်ရောက်စေ့စပ်ဖို့ တရုတ်ဆန္ဒရှိ

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ တင်းမာမှုတွေပြေလျော့အောင် ဘက်မလိုက်ပဲ သမာသမတ်ကျကျ ညှိနှိုင်းပေးလိုတယ်လို့ တရုတ် နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi က တနင်္ဂနွေနေ့ မှာ သတင်းထောက်တွေကို ပြောပါတယ်။

”မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တနိုင်ငံဖြစ်ပြီး အာဆီယံရဲ့ တခြားနိုင်ငံအရေးဝင်မစွက်တဲ့ မူဝါဒကို တရုတ်က ထောက်ခံသလို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အချုပ်ခြားအာဏာကို လေးစာကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြောကြားဖို့ အသင့်ရှိပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေ တင်းမာမှုလျော့ပါးစေဖို့ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်ဖို့ အသင့်ရှိကြောင်း” ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ရှိဖို့ လိုအပ်တာကြောင့် ညှိနှိုင်း ဆွေးနွေးကြဖို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့၊ ပြည်သူလူထုရဲ့ အခြေခံအကျိုးစီးပွါးအတွက် မိမိရဲ့ မတူကွဲပြားမှုတွေကို ဖွဲ့စည်းပုံနဲ့ ဥပဒေဘောင်အတွင်းကပဲ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြဖို့ အပြင် နိုင်ငံံ့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တိုးတက်အောင် ဆက်လုပ်ဖို့ပါ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လက စစ်တပ်ကအာဏာသိမ်းတာမျိုးကို တရုတ်နိုင်ငံအနေနဲ့ လုံဝမြင်တွေ့လိုတာ မဟုတ်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သလို ဒီလို အာဏာသိမ်းမှုမှာ တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတဲ့ မီဒီယာတွေမှာ ဖေါ်ပြနေတာတွေကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ အမြန်ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ကြေညာချက်ကို တရုတ်က သဘောတူခဲ့သလို. မြန်မာနိုင်ငံမှာ နိုင်ငံတော် အရေးပေါ် အခြေနေ ကြေညာတာ အတွက် စိုးရိမ်စိတ်ပူကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ဘယ်လို အပြောင်းလဲတွေပဲဖြစ်ဖြစ် တရုတ်- မြန်မာဆက်ဆံရေးကတော့ ပြောင်းလဲမှာ မဟုတ်ကြောင်းလဲ နိုင်ငံခြားရေးဝန်ကြီးး က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG