သုံးရလွယ်ကူစေသည့် Link များ

ပြင်းထန်တဲ့ စစ်ရေး ရန်စမှု လုပ်တယ်လို့ ကန်ကို တရုတ် စွပ်စွဲ


တောင်တရုတ်ပင်လယ်တွင်းက ကျွန်းစုများ။

တောင်တရုတ်ပင်လယ်တွင်းက တရုတ်နိုင်ငံက တည်ဆောက်ထားတဲ့ လူလုပ် ကျွန်း တုတွေပေါ် ဒီလ အစောပိုင်းက B 52 အမျိုးအစား အမေရိကန်လေယာဉ်တွေ ဖြတ် ပျံသန်းတာဟာ စစ်ရေးအရ ကြီးမားတဲ့ ကျူးကျော် ရန်စမှု တရပ်ဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က စွပ်စွဲလိုက်ပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ တရုတ် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဒီလေယာဉ်တွေ ထွက်သွားဖို့ တရုတ်နိုင်ငံဘက်က သတိပေးခဲ့ပြီး အမေရိကန်ရဲ့ ဒီဆောင်ရွက်မှုဟာ နှစ် နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အထိ ဦးတည်သွားနေတယ်လို့ ဆိုပါတယ်။

တောင်တရုတ် ပင်လယ်တွင်းက လူလုပ်ကျွန်းတုတွေအားလုံးဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေ ဖြစ်တယ်လို့ တရုတ်ဘက်က ပြောဆိုထားတာပါ။ အမေရိကန် ရေတပ် အကြီးအကဲ Bill Urban ကတော့ အဲဒီဒေသတွင်းမှာ အမေရိကန်ရေတပ် ဟာ ပုံမှန်လေ့ကျင့်ရေး လုပ်နေတာလို့ ပြောပါ တယ်။ ဒါပေမယ့် ဒီလိုပျံသန်းမှုဟာ Freedom of Navigation စစ်ဆင်ရေးမဟုတ်ပဲ လေယာဉ်တွေဟာ လမ်းကြောင်းလွဲပြီး ပျံသန်းမိတာမျိုး ဖြစ်နိုင်ဖွယ် ရှိတယ်ဆိုတဲ့သဘော Urban ကပြောပါတယ်။

ဒီ Freedom of Navigation စစ်ဆင်ရေးဆိုတာဟာ တခြားနိုင်ငံတွေအနေနဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပါတ်သတ်ပြီး မူဘောင်ကျော် တောင်းဆိုလာလျင် အမေရိကန်အနေနဲ့ ဟန့်တားတဲ့ အခါမှာ ဆောင်ရွက်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင် တခုလုံးကို သူတို့ပိုင်ဖြစ်တယ်လို့ ပြောဆိုထားတဲ့ တရုတ်နိုင်ငံဟာ နယ်မြေပြန်လည် ရယူတာနဲ့ တခြားနိုင်ငံတွေနဲ့ သူပိုင်ကိုယ်ပိုင် အငြင်းပွါးနေတဲ့ ကျွန်းတွေကို မြေဖို့ ချဲ့ထွင်တာကို တိုးလုပ်ဆောင်လာတာကြောင့် အမေရိကန် အပါအ၀င် အာရှ ပစိဖိတ် ဒေသတွင်းက နိုင်ငံတွေအနေနဲ့ စိုးရိမ်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG