သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်


တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စုတစု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

တရုတ်ရေတပ် အစောင့်သင်္ဘော ၈ စင်းဟာ အင်္ဂါနေ့ မနက်ပိုင်းက ၂ နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေအနီးကို ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။ အဲ့ဒီကျွန်းတွေပေါ်မှာ လူနေ ထိုင်ခြင်းတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလက ပုဂ္ဂလိကပိုင်ရှင်ထံကနေ ကျွန်းတချို့ကို ဂျပန်က ဝယ်ယူလိုက်ချိန်ကစလို့ တင်းမာမှုတွေ တိုးလာခဲ့ပြီးတဲ့နောက်ပိုင်း ခုတကြိမ်ဟာ အကြီးမားဆုံး တရုတ်သင်္ဘောအုပ်စု ဒီဒေသကို ဝင်ရောက်လာတာ
ဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီအချိန်ကစပြီး တရုတ်အစိုးရဟာ ပုံမှန်ဆိုသလို ကင်းလှည့်သင်္ဘောတွေ၊
လေယာဉ်တွေ အဲ့ဒီအရပ်ကို စေလွှတ်ပြီး ဗျူဟာကျတဲ့ ကျွန်းတွေမှာ ဂျပန်ရဲ့ ထိန်းချုပ်မှုကို စိန်ခေါ်နေပါတယ်။

အဲ့ဒီကျွန်းတွေကို ဂျပန်က Senkaku လို့ခေါ်ပြီး တရုတ်က Diaoyu လို့ ခေါ် ပါတယ်။ ဒီကျွန်းတွေတဝိုက်မှာ ငါးတွေ အများအပြား ရှိသလို မတူးဖော်ရသေးတဲ့ စွမ်းအင် သယံဇာတတွေလည်း ရှိတဲ့နေရာ ဖြစ်ပါတယ်။

တရုတ်က ပုံမှန်ကင်းလှည့်နေတဲ့ သင်္ဘော ၃ စီးကို ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ သင်္ဘောတွေက ဝိုင်းလာတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ နောက်ထပ် သင်္ဘော ၅ စီး ထပ်လွှတ်လိုက်တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ သမုဒ္ဒရာ စီမံခန့်ခွဲရေးဌာနက ပြော ပါတယ်။
XS
SM
MD
LG