သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ရှင်ကျန်းပြည်နယ် အကြမ်းဖက်မှုကိစ္စ လူနှစ်ဦးသေဒဏ်ပေးခံရ


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မူဆလင်အများစု နေထိုင်တဲ့ဒေသမှာ ဧပြီလက ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် လူ ၂ ယောက်ကို သေဒဏ်နဲ့ ကျန် ၃ ယောက်ကိုတော့ ထောင်ဒဏ် ၉ နှစ်ကနေ ထောင်ဒဏ် တသက်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

လူမျိုးရေးအရ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ ရှင်းဂျန်းဒေသအတွင်း အကြမ်းဖက်မှုတွေမှာ လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တရားခံတွေရဲ့ လူမျိုးနွယ်စုကို ထုတ်မပြောပေမဲ့ ပြစ်ဒဏ်ကျခံရသူတွေ နာမည်တွေအရဆိုရင် - အစိုးရက ခွဲခြားဆက်ဆံမှုရှိကြောင်း နှစ်ပေါင်းများစွာ
ပြောဆိုလာခဲ့တဲ့ တာကစ်-စကားပြော ဝှီဂါ လူနည်းစုတွေ ဖြစ်ကြပါတယ်။

ရှင်ကျန်းခရိုင်အတွင်း ဖြစ်ခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့တုန်းက အကြမ်းဖက်မှုမှာ လပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဝှီဂါလူမျိုးတွေနဲ့ အာဏာပိုင်တွေကြား၊ နောက် လူနည်းစု တိုင်းရင်းသား ဟန်လူမျိုးတွေကြားမှာ တင်းမာမှု ကြီးထွားလာနေတဲ့အကြောင်းကို ထင်ရှားပေါ်လွင်စေပါတယ်။

အဲဒီ အကြမ်းဖက်မှုဟာ - ကက်ရှ်ဂါမြို့နားက အိမ်တအိမ်မှာ မသင်္ကာစရာ တွေ့ခဲ့ပြီးတဲ့နောက် လုံခြုံရေးတာဝန်ကျ အရာရှိတွေကို အကြမ်းဖက်အုပ်စုက တိုက်ခိုက်ခဲ့ရာကနေ ဖြစ်ခဲ့တယ်လို့ အစိုးရဘက်က ပြောပါတယ်။

ပြည်ပရောက် ဝှီဂါတက်ကြွလှုပ်ရှားသူတွေကတော့ ဝှီဂါလူငယ်တစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တဲ့အတွက် ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။
XS
SM
MD
LG