သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အစုရှယ်ယာတွေ ပြန်တက်


Syrians rescue a child following a reported government airstrike in the rebel-held town of Hamouria, in the besieged Eastern Ghouta region on the outskirts of the capital Damascus.
Syrians rescue a child following a reported government airstrike in the rebel-held town of Hamouria, in the besieged Eastern Ghouta region on the outskirts of the capital Damascus.

တရုတ်နိုင်ငံက အစုရှယ်ယာဈေးကွက်မှာ အကြီးအကျယ် ဈေးကျတာကြောင့် အရောင်းအဝယ်လုပ်တာကို ရပ်ပစ်တဲ့နည်းလမ်းကို နှစ်ကြိမ် လုပ်ခဲ့ရပြီးတဲ့နောက် ဒီကနေ့ ဈေးကွက်မပိတ်ခင် အစောပိုင်း အရောင်းအဝယ် လုပ်ချိန်တွေမှာ တရုတ်အစုရှယ်ယာဈေး တွေ တက်လိုက်ကျလိုက် အခြေအနေရှိခဲ့ပါတယ်။

Circuit breaker လို့ခေါ်တဲ့ အရောင်းအဝယ်ကိုရပ်ပစ်တဲ့ နည်းလမ်းက ဈေးကွက်ကို ငြိမ်သွားအောင်လုပ်ဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ ပြောင်းပြန် အကျိုးသက်ရောက်တဲ့ပုံ ရှိတာကြောင့် ကြာသပတေးနေ့ နှောင်းပိုင်းမှာတော့ အဲဒီနည်းလမ်းကို တရုတ်တာဝန် ရှိသူတွေက ဆိုင်းငံ့ထားလိုက်ပါတယ်။

အဲဒီနောက်မှာတော့ ရှန်ဟဲ စုပေါင်း အစုရှယ်ယာ အညွှန်းကိန်းက ၂% ဈေးတက် ပါတယ်။ ရှန်ဟဲနဲ့ Shenzhen က အကြီးဆုံး ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်တဲ့ CSI300 အညွှန်းကိန်းလည်း ၂% တက်ပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ ပထမသီတင်းပတ်မှာ အစုရှယ်ယာဈေးကွက် မတည်မငြိမ်ဖြစ်ချိန်အတွင်း တရုတ်အစုရှယ်ယာဈေးတွေ ၁၀% လောက်ထိ ကျသွားခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ သဘာဝသယံဇာတ အရင်းအမြစ်ကဏ္ဍ အစုရှယ်ယာဈေးက ဒီကနေ့မှာ ၆% ကျော် ဈေးတက်ပြီး စွမ်းအင်ကဏ္ဍ အစုရှယ်ယာဈေးက ၅% ကျော် တက်ပါတယ်။ အာရှဒေသက တခြားဈေးကွက်တွေမှာလည်း အစောပိုင်း အရောင်းအဝယ်တွေ မှာ မတည်မငြိမ်ရှိခဲ့ပေမဲ့ ဈေးကွက်ပိတ်ချိန်မှာတော့ အများအပြားက အတက်ဈေးနဲ့ပိတ်သွားပါတယ်။ ဒီကနေ့ ဥရောပ ဈေးကွက် ဖွင့်ချိန်မှာလည်း အတက်နည်းနည်းပြနေပါတယ်။

XS
SM
MD
LG