သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အရေးယူဖို့ တရုတ်ထောက်ခံ


ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ်ကိုယ်စားလှယ် Wu Dawei
ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ်ကိုယ်စားလှယ် Wu Dawei

မြောက်ကိုရီးယားရဲ့ နျူကလီးယားမူဝါဒတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ်ဖို့ရှိတဲ့ ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို တရုတ်အစိုးရအနေနဲ့ ထောက်ခံသွားမယ်လို့ ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ တရုတ်ကိုယ်စားလှယ် Wu Dawei က ပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ်ဆိုင်ရာ တောင်ကိုရီးယားကိုယ်စားလှယ် Hwang Joon-kook နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံအပြီး ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိစေရေးအတွက် နှစ်နိုင်ငံစလုံးက အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ Wu Dawei ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားကိုယ်စားလှယ် Hwang က တွေ့ဆုံမှုအပြီး ခမ်းမအပြင်မှာ ပြောကြားရာမှာတော့ - တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ကြိုဆိုကြောင်းနဲ့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ အပြောင်းအလဲ စတင်ချန်ပဲလို့ ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ တွေးခေါ်မှုကို ပြောင်းလဲပစ်ဖို့ လိုအပ်ကြောင်းနဲ့ အဆင့်အတန်းရှိရှိ ကျင့်ကြံနေထိုင်ဖို့ လိုအပ်တယ်ဆိုတာကို နှစ်နိုင်ငံစလုံးက တသဘောထားထဲ ရှိခဲ့ကြောင်း Hwang က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်အကြား မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှု ချမှတ်ရေး သဘောတူညီမှု ရရှိအပြီးမှာ သွားရောက်တာဖြစ်တဲ့အတွက် Wu Dawei ရဲ့ ခရီးစဉ်အပေါ် အများစုက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။

မြောက်ကိုရီးယားက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုနဲ့ ဒုံးကျည် ပစ်လွှတ်ခဲ့မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအပေါ် ဖိအားသိသိသာသာတိုးပေးမယ့် အဆိုပြချက်မူကြမ်းကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းခဲ့ပါတယ်။

XS
SM
MD
LG