သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်းမြို့တော်ကို လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်


ဘေဂျင်းမှာ လေထုညစ်ညမ်းမှုကြောင့် ပထမဆုံးအကြိမ်အဖြစ် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်။
ဘေဂျင်းမှာ လေထုညစ်ညမ်းမှုကြောင့် ပထမဆုံးအကြိမ်အဖြစ် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းမှုအတွက် ပထမဆုံးအကြိမ်အဖြစ် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် ကလေးတွေ ကျောင်းမသွားနိုင်ပဲ အိမ်တွေမှာသာ နေထိုင်ကြရသလို၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုလည်း အကန့်အသတ်နဲ့သာ အသုံးပြုနေကြရပါတယ်။

ဘေဂျင်းမြို့တော်မှာ ဖုံးလွှမ်းနေတဲ့ မီးခိုးမြူတွေကြား သွားလာနေသူတွေကတော့ မျက်နှာဖုံးတွေ တပ်ဆင်ထားကြရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့အထိ လေထုထဲမှာ အဆိပ်သင့်စေတဲ့ အမှုန်တွေ များလွန်းလာတဲ့အတွက် မြို့အာဏာပိုင်တွေက တနင်္လာနေ့မှာပဲ အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

အဆင့်မြင့် သတိပေးချက် ထုတ်ပြန်လိုက်တဲ့အတွက် ကျောင်းတွေ ပိတ်ထားရသလို၊ ကားတွေကိုလည်း လိုင်စင်နံပတ်နဲ့ခွဲပြီး အချိန်အပိုင်းအခြားနဲ့သာ မောင်းနှင်ခွင့်ပြုထားပြီး၊ ပြင်ပက ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့လည်း အမိန့်ထုတ်ထားပါတယ်။

အရေးပေါ် သတိပေးချက်ကိုတော့ အအေးဓာတ်ဝင်လာပြီး မီးခိုးမြူတွေ လျှော့ပါးလာမယ်လို့ ခန့်မှန်းထားတဲ့ ကြာသပတေးနေ့ မတိုင်ခင်အထိ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဘေဂျင်းမြို့တော်မှာ အန္တရာယ်ရှိတဲ့ အဆင့်အထိ မီးခိုးမြူတွေ ဖုံးလွှမ်းခဲ့ချိန်က အနီရောင်အဆင့် သတိပေးချက် မထုတ်ပြန်ခဲ့တဲ့အတွက်လည်း အာဏာပိုင်တွေ အကြီးအကျယ် ဝေဖန်ခံခဲ့ကြရပါတယ်။

XS
SM
MD
LG