သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ Harbin မြို့ လေထုညစ်ညမ်းမှု စိုးရိမ်ဖွယ်အဆင့်ရောက်


တရုတ်နိုင်ငံ၊ ဆောင်းရာသီ မြို့ကို အပူပေးစနစ်ကြောင့် လေထုညစ်ညမ်းမှု စိုးရိမ်ဖွယ်အဆင့်ရောက်နေပုံ။
တရုတ်နိုင်ငံ၊ ဆောင်းရာသီ မြို့ကို အပူပေးစနစ်ကြောင့် လေထုညစ်ညမ်းမှု စိုးရိမ်ဖွယ်အဆင့်ရောက်နေပုံ။
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတဝှန်း အသက်ရှူကြပ်လောက်အောင် လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာနေတာမို့ Harbin မြို့ကလေးမှာ ကျောင်းတွေပိတ်ထားရသလို ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရတဲ့အတွက် ယာဉ်ကြောတွေပိတ်ဆို့နေပြီး လေဆိပ်ကိုပါ ပိတ်ထားရပါတယ်။

လေထုထဲမှာ အန္တရာယ်ရှိတဲ့ အမှုန်ပါဝင်နှုန်းဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထုတ်ပြန်ထားတဲ့ စိတ်ချရတဲ့ အတိုင်းအတာထက် အဆပေါင်း ၄၀ လောက် ပိုမြင့်မားနေတယ်လို့ တနင်္လာနေ့မှာ မိုးလေဝသ တာဝန်ခံတွေက ပြောပါတယ်။

ဆောင်းရာသီအတွက် မြို့ကို ပထမဆုံး အပူစပေးလိုက်တာမို့ အခုလို ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုတွေ တိုးလာတာလို့ အစိုးရရဲ့ ဆင်ဟွာသတင်းမှာ ဝေဖန်ပြစ်တင်ထားပါတယ်။ တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးမှု တဟုန်ထိုး မြင့်မားလာတာနဲ့ နိုင်ငံအနှံ့အပြား ကျောက်မီးသွေးသုံးစွဲမှုပမာဏ သိပ်များနေတာကြောင့် လေထု ညစ်ညမ်းလာတာနဲ့ ပတ်သက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေ အရေးတကြီးဖြေရှင်းဖို့ ကတိတွေပေးလာကြပါတယ်။

ဒီပတ်ဝန်းကျင်ညစ်ညမ်းမှု အန္တရာယ်ကို ဖြေရှင်းပေးမယ်လို့ အစိုးရပိုင်းက ကတိပြုခဲ့တာ ကာလ အတော်ကြာ လာပြီဖြစ်ပေမယ့် အခုထိ သိပ်ထူးထူးခြားခြား တိုးတက်မလာသေးပါဘူး။ အခု လေထုထဲ မီးခိုးမြူတွေ ဆိုင်းနေတာဟာ နောက်ထပ် ၂၄ နာရီလောက် ဆက်ပြီးတွေ့ရနိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
XS
SM
MD
LG