သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တောင်ပိုင်း ဇီကာဗိုင်းရပ်စ် ကူးစက်မှု နှစ်ခုထပ်တွေ့


ဇီကာရောဂါကို Brazil နိုင်ငံ က ဓါတ်ခွဲခန်းတွင် စမ်းငသပ်မှု လုပ်စဉ် ( ၂၇ ဇန်နဝါရီလ ၂၀၁၆)
ဇီကာရောဂါကို Brazil နိုင်ငံ က ဓါတ်ခွဲခန်းတွင် စမ်းငသပ်မှု လုပ်စဉ် ( ၂၇ ဇန်နဝါရီလ ၂၀၁၆)

တရုတ်နိုင်ငံ တောင်ပိုင်း Guangdong ပြည်နယ်မှာ ဇီကာဗိုင်းရပ် ကူးစက်တဲ့ဖြစ်ရပ်အသစ် နောက်ထပ် နှစ်ခု တွေ့ရတယ်လို့ ဒေသန္တရ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကတော့ ဗင်နီဇွဲလား နိုင်ငံက ပြန်လာတဲ့ တရုတ် နိုင်ငံသား မောင်နှစ်မ ၂ ဦး ဖြစ်ပါတယ်။ ဂွမ်ဒေါင်းပြည်နယ် ကျန်းမာရေးနဲ့ မိသားစုစီမံကိန်းကော်မရှင်ရဲ့ အဆိုအရ Guangzhou မြို့ Baiyun နိုင်ငံတကာ လေဆိပ်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆိုက်ရောက်လာကြတဲ့ မောင်နှမ နှစ်ဦးထဲက အသက် ၆ နှစ် အရွယ် ကောင်ကလေး ဖျားနေတာကို တွေ့ခဲ့ရပြီး အသက် ၈ နှစ် အရွယ် အမ ဖြစ်သူ ကလေးမလေး ဟာလည်း အင်ပြင်တွေ ထနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကလေး ၂ ဦး စလုံး ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာကို စနေနေ့က အတည်ပြုခဲ့ပြီး ဆေးရုံးတခုမှာ ကုသမှု ခံယူနေကြပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကနေ တဆင့် ကူးစက်တာ ဖြစ်ပြီး အဓိကအားဖြင့် အေးဒိစ် ခြင်ကျားကနေ တဆင့် ကူးစက်တာ ဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် အေးဒိစ် ခြင်ကျားတွေကို Leizhou ကျွန်းဆွယ်နဲ့ Beibu ပင်လယ်ကွေ့အနီး ဒီပြည်နယ်ထဲက မြို့အများအပြားမှာပဲ အဓိကတွေ့ရကြောင်း၊ လက်ရှိမှာတော့ အေးဒိစ့် ခြင်ကျားကြောင့် ဘယ်လောက်ကြီးမားတဲ့ အတိုင်းအတာအထိ ဇီကာဗိုင်းရပ် ကူးစက်ပျံ့နှံ့မနိုင်သလဲ ဆိုတာအပေါ် တိကျ ရှင်းလင်းတဲ့ သိပ္ပံနည်းကျ သက်သေ အထောက်အထားတွေ မရှိသေးတဲ့အကြောင်း ဂွမ်ဒေါင်းပြည်နယ် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ကျွမ်းကျင်သူက ပြောပါတယ်။ ပြည်ပကနေ ဝင်ရောက်လာတဲ့ ဇီကာဗိုင်းရပ် ကူးစက် ဖြစ်ပွားမှု ၈ ခုရှိနေတာနဲ့ အတူ တရုတ်နိုင်ငံ တဝန်း ပူနွေးတဲ့ ရာသီဥတု စတင်လာချိန်မို့ ဇီကာဗိုင်းရပ် ပျံ့နှံ့မှုအပေါ် တရုတ်နိုင်ငံမှာ အမြင့်ဆုံး အဆင့် သတိပေး နှိုးဆော်ထားပါတယ်။

XS
SM
MD
LG