သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အာကာသယာဉ်နဲ့ အာကာသစခန်းငယ် ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်နိုင်


ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ် ပျံသန်းနေတဲ့ အာကာသစခန်းငယ်နဲ့ အာကာသယာဉ်ကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ချိတ်ဆက်လိုက်ပါတယ်။ Shenzhou – 9 လို့ခေါ်တဲ့ အာကာသယာဉ်ပေါ်က ယာဉ်မှူး သုံးယောက်တို့ဟာ Tiangong-1 လို့ခေါ်တဲ့ အာကာသ စမ်းသပ်စခန်းငယ်နဲ့ အလိုအလျောက် စက်ကိရိယာကို သုံးပြီးတော့ တနင်္ဂနွေနေ့က အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြပါတယ်။

အာကာသယာဉ်မှူး သုံးဦးအနက် တစ်ဦးဟာ တရုတ်ပြည်ရဲ့ ပထမဦးဆုံး အမျိုးသမီး အာကာသယာဉ်မှူး Liu Yang ဖြစ်ပါတယ်။ Shenzhou – 9 အာကာသယာဉ်ကို ဇွန်လ ၁၆ ရက်နေ့က လွှတ်တင်ခဲ့တာ ဖြစ်ပြီးတော့ နှစ်ရက်အကြာမှာ အခုလို အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုပြီးတော့ ကြီးမားတဲ့ အာကာသစခန်းနဲ့ ချိတ်ဆက်ရမယ်ဆိုရင် ဒီထက် ခက်ခဲရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်လိမ့်မယ်လို့ တရုတ်အရာရှိကြီးတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီ စခန်းကြီးကို ၂၀၂၀ ခုနှစ်မှာ အပြီး ဆောက်လုပ်မယ်လို့ သိရပါတယ်။ Tiangong-1 အာကာသစခန်းငယ်ဟာ စမ်းသပ်လုပ်ငန်း ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းမှာ ၂၀၁၃ ခုနှစ်အထိ ရှိနေမှာဖြစ်ပါတယ်။

XS
SM
MD
LG