သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အာကာသစူးစမ်းရေးယာဉ်ငယ် လပေါ်ဆင်းသက်


တရုတ်ရဲ့ အာကာသစူးစမ်းရေးယာဉ်တခုဟာ လကမ္ဘာပေါ်မှာ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့ တရုတ် အစိုးရပိုင် သတင်းမီဒီယာက ကြေညာခဲ့ပါတယ်။

ဒီလိုဆင်းသက်နိုင်ခဲ့တာဟာဆိုရင် နှစ်ပေါင်း ၄၀ နီးပါးအတွင်းမှာ လကမ္ဘာပေါ်ကို စူးစမ်းလေ့လာရေးယဉ် ပထမဆုံး အောင်မြင်စွာ
ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Chang'e-3 လကမ္ဘာစူးစမ်းရေးယာဉ်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ်မှာရှိတဲ့ ရှီချန် Xichang
ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ ဒီလဆန်းပိုင်းက လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

ဒီယာဉ်ပေါ်မှာ Jade Rabbit ကျောက်စိမ်းယုန်လို့ နာမည်ပေးထားတဲ့ စက်ရုပ်လကမ္ဘာ စူးစမ်းရေးယဉ်ငယ်လေးကို သယ်ဆောင်သွားတာဖြစ်ပါတယ်၊ အဲဒီစက်ရုပ်ယာဉ်ငယ်လေးက လကမ္ဘာပေါ်မှာ လျှောက်သွားပြီး ၃ လကြာ လေ့လာစူးစမ်းမှုတွေကို လုပ်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အရင် ဆိုဗီယက်ပြည်ထောင်စုပြီးရင် တရုတ်နိုင်ငံဟာ တတိယမြောက် လကမ္ဘာပေါ်ကို လေ့လာစူးစမ်းရေးယာဉ်
အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်ရှင်။
XS
SM
MD
LG