သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသစခန်း တည်ဆောက်ရေး ပထမအဆင့် တရုတ် စတင်

အာကာသစခန်း တည်ဆောက်ရေး ပထမအဆင့် တရုတ် စတင်
အာကာသစခန်း တည်ဆောက်ရေး ပထမအဆင့် တရုတ် စတင်

အာကာသထဲမှာ တရုတ်က အာကာသစခန်း တည်ဆောက်နိုင်ရေး ရည်မှန်းချက်ရဲ့ ပထမခြေလှမ်းအဖြစ် လူမပါတဲ့ အာကာသယာဉ် တစင်းကို မကြာခင် အချိန်ကပဲ လွှတ်တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီ (Gobi) သဲကန္တာရထဲကနေ ကောင်းကင်ဘုံ နန်းတော်လို့ အဓိပ္ပာယ်ရပြီး တန်ချိန် ၈ တန်ခွဲလေးတဲ့ တီယန်ဂွန်း (Tiangong) အမှတ် ၁ အာကာသယာဉ်ကို ဒီနေ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ လွှတ်တင်ခဲ့တာပါ။

ဒီအာကာသယဉ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို တရုတ်သတင်းစာတွေ၊ ရုပ်သံလွှင့်ဌာနတွေက ရွှန်းရွှန်းဝေအောင် ဖော်ပြနေကြပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကျရင်လည်း နောက်ထပ် လူမပါတဲ့ အာကာသယာဉ် တခုကို လွှတ်တင်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံး အာကာသ လွန်းတင်စခန်း ဆောက်လုပ်ရေး လုပ်ငန်းစဉ်အဖြစ် အခု အာကာသယာဉ်နဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။

စီစဉ်ထားတဲ့အတိုင်း အားလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့မယ်ဆိုရင် အာကာသ လွန်းတင်စခန်းအတွက် နောက်ထပ် အာကာသယာဉ်တွေကို ရှေ့နှစ်မကုန်ခင်မှာ ကမ္ဘာပတ် လမ်းကြောင်းထဲကို လွှတ်တင်နိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။ အဲဒီ လွှတ်တင်မယ့် အထဲက အနည်းဆုံး တစင်းမှာ အာကာသယာဉ်မှူးတွေ ပါမှာဖြစ်ပါတယ်။

အာကာသစခန်းကို ၂၀၁၆ မတိုင်ခင်မှာ စတင်ဆောက်လုပ်ပြီး တန်ချိန် ၆၀ လောက် အလေးချိန်ရှိတဲ့ အာကာသစခန်းကို ၂၀၂၀ မှာ အပြီးသတ်နိုင်ဖို့ စီစဉ်ထားပါတယ်။

တရုတ်နိုင်ငံက အာကာသယာဉ်မှူးပါတဲ့ ပထမဆုံး အာကာသယာဉ်ကို ၂၀၀၃ ခုနှစ်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က အာကာသယာဉ် လွှတ်တင်ရေး အစီအစဉ်ကို ရပ်ဆိုင်းခဲ့လို့ အမေရိကန်ရဲ့ အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်တွေအပေါ် မေးခွန်းထုတ်နေချိန်မှာ အခုလို တရုတ်နိုင်ငံက အာကာသထဲမှာ စူးစမ်းလေ့လာရေးတွေ လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG