သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စတော့ဈေး ကျဆင်း


တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးနှုန်းတွေ ဒီကနေ့ထိ ဆက်ပြီးကျနေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စိုးရိမ်ကြီးစွာ လုပ်တာမျိုးတွေကို တာဝန်ရှိသူတွေက သတိပေးနေရပြီး သီတင်းသုံးပတ်ကြာ ဈေးကျနေတာကိုရပ်ဖို့ လုပ်ဆောင်ချက်အသစ်တွေ ကြေညာပါတယ်။

အစုရှယ်ယာ စံဈေးနှုန်းဖြစ်တဲ့ Shanghai Composite Index ဟာ ၆ ရာခိုင်နှုန်း နီးပါး ကျဈေးနဲ့ ပိတ်သွားပြီး Shenzhen Composite Index က ၂.၅ ရာခိုင်နှုန်း ကျဈေးနဲ့ ပိတ်ပါတယ်။ အဲဒီလိုဈေးနှုန်း ဆက်ကျနေတာကြောင့် ဇွန်လအလယ်ကတည်းကဆိုရင် ဈေးကွက် တန်ဖိုး ဒေါ်လာ ၃.၂ ထရီလီယံလောက် ဆုံးရှုံးသွားပြီးပါပြီ။

အစုရှယ်ယာတွေ ကျဈေးနဲ့ ရောင်းထုတ်ရတာမျိုး မဖြစ်စေဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်ကုမ္ပဏီ ရာပေါင်းများစွာက သူတို့ရဲ့ အစု ရှယ်ယာတွေ အရောင်းအဝယ်လုပ်တာကို ဆိုင်းငံ့ထားပေးဖို့ ဒီကနေ့ လျှောက်ထားကြပါတယ်။ စုစုပေါင်းဆိုရင် ပြည်မကြီးက ကုမ္ပဏီပေါင်း ၁၃၀၀ ကျော်၊ တနည်းအားဖြင့် ဈေးကွက်ထဲကကုမ္ပဏီ ၄၀ ရာခိုင်နှုန်း ထက်မနည်းဟာ အစုရှယ်ယာ အရောင်းအဝယ် လုပ်တာကို ရပ်ထားကြတာပါ။

အစုရှယ်ယာဈေးကွက်ထဲမှာ စိုးရိမ်ထိတ်လန့်စိတ်တွေ ပေါ်လာပြီး ကျိုးကြောင်းမဲ့ ရောင်းထုတ်တာတွေကြောင့် ဈေးနှုှုန်းတွေ ကျသွားတာလို့ တရုတ်နိုင်ငံရဲ့ အစုရှယ်ယာ လုပ်ငန်းကို ကြီးကြပ်တဲ့ တရုတ် Securities Regulatory ကော်မရှင်ရဲ့ ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။

ဈေးကွက်အခြေအနေ ပြန်ကောင်းလာအောင် ကြိုးစားတဲ့အနေနဲ့ နိုင်ငံပိုင်ကုမ္ပဏီကြီးတွေကို ကြီးကြပ်တဲ့ အစိုးရဌာနက အစုရှယ်ယာတွေကိုမရောင်းဘဲ ဈေးကွက်တည်ငြိမ်ရေး ထိန်းသိမ်းဖို့ ပိုဝယ်ကြပါလို့ ညွှန်ကြားထားပါတယ်။

XS
SM
MD
LG