သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည် မိုးသီးမုန်တိုင်း လူ လေးဆယ်နီးပါး သေဆုံး


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်ကုန်းမြေမြင့်ဒေသဖြစ်တဲ့ ဂန်ဆုပြည်နယ် (Gansu Province) မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မေလ ၁၀ ရက်နေ့ ညပိုင်းက စလို့ မုတ်သုန်မိုး မုန်တိုင်းကျရောက်ပြီး ဂေါက်သီးဘောလုံးအရွယ် မိုးသီးတွေ ကြွေကျခဲ့တာကြောင့် လူ ၃၇ ဦး သေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေပါတယ်။

ဒီမုန်တိုင်းဒဏ်ကို မနေ့က သောကြာနေ့ညမှာ လူပေါင်း သုံးသိန်းခြောက်သောင်း ခံခဲ့ကြရပြီးတော့ လူပေါင်း သုံးသောင်းကို ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ လူပေါင်း ၄၀ လောက်ဟာလည်း ဒဏ်ရာတွေရပြီး ဆေးရုံ တက်နေကြရပါတယ်။

ဒီမုန်တိုင်းဟာ သီးနံှစိုက် ဧကပေါင်း တစ်သောင်းခုနှစ်ထောင်ငါးရာ ကို ဖျက်ဆီးပစ်လိုက် ပြီးတော့ အိမ်တွေ ပြိုကျပျက်စီးတာ လမ်းပန်းအဆက်အသွယ် ပြတ်တောက်တာနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) တပ်ဖွဲ့ဝင်တွေက မုန်တိုင်းကြားမှာ ပိတ်မိနေကြတဲ့ ရွာသူရွာသားတွေနဲ့ သူတို့ရဲ့ ရိက္ခာတွေ ဖြစ်ကြတဲ့ မွေးမြူရေး ကြက် ဘဲ ဝက် တိရစ္ဆာန်တွေကို သယ်ယူ ရွှေ့ပြောင်းပေးနေကြပါတယ်။

XS
SM
MD
LG