သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ပြိုင်ဘက် တိုင်ဝမ်ကြား ပထမဆုံး ကုန်သွယ်စာချုပ် ချုပ်ဆို


專家預測,新一波台商投資大陸以零售服務業為主

တရုတ်နိုင်ငံနဲ့ ပြိုင်ဘက် တိုင်ဝမ်တို့အကြား ကုန်သွယ်ရေးဆိုင်ရာ ပထမဆုံး သဘောတူစာချုပ်တခုကို ချုပ်ဆိုလိုက်ကြပါတယ်။ အဲဒီစာချုပ်အရ နှစ်နိုင်ငံအကြား အပြန်အလှန် အတင်အပို့လုပ်မယ့် ကုန်ပစ္စည်း အမျိုးပေါင်း ၈၀၀ ကျော်အပေါ် ကောက်ခံတဲ့ ကုန်သွယ်ခွန်တွေကို လျှော့ချ ဖြတ်တောက်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဝတ်ပြုရာ ဘုရားကျောင်းတွေမှာထွန်းတဲ့ အမွေးတိုင်တွေကို တရုတ်နိုင်ငံကနေ တိုင်ဝမ်နိုင်ငံဆီ နှစ်သစ်ကူးနေ့က တင်ပို့ခဲ့သလို တိုင်ဝမ်ကလည်း တရုတ်နိုင်ငံဆီ သစ်သီးတွေ တင်ပို့ခဲ့ပါတယ်။ အဲဒီတင်ပို့တာ နှစ်ခုစလုံးအပေါ် ကောက်ခံတဲ့ ကုန်သွယ်ခွန်တွေကို အစီအစဉ်တရပ်အရ လျှော့ချခဲ့ပြီး လာမယ့် ၂ နှစ်အတွင်းမှာတော့ ကုန်ပစ္စည်းအားလုံးအပေါ် အခွန်ကောက် ခံတာတွေကို ပယ်ဖျက်ပစ်မှာဖြစ်ပါတယ်။

ကွန်မြူနစ်ဝါဒီ တရုတ်ခေါင်းဆောင် မော်စီတုန်းက တရုတ်ပြည်မကြီးကို သိမ်းပိုက်လိုက်တဲ့ ၁၉၄၉ ခုနှစ်မှာ တိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကနေ ခွဲထွက်သွားခဲ့တာပါ။ တရုတ်က တိုင်ဝမ်ကျွန်းကို သူ့ရဲ့ ပိုင်နက်နယ်မြေ အဖြစ် သတ်မှတ်ထားပြီး ခွဲထွက်ဖို့ ကြိုးစားရင် အင်အားသုံးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့လည်း သီးခြား လွတ်လပ်တဲ့ အုပ်ချုပ်ရေးရှိတဲ့ တိုင်ဝမ်နဲ့ တရုတ်တို့အကြား ၂၀၀၈ ခုနှစ် ကတည်းကနေဆိုရင် သဘောတူ စာချုပ်ပေါင်း ၁၅ ခု လက်မှတ် ရေးထိုးခဲ့ကြပြီးပါပြီ။ တိုင်ဝမ်ကုမ္ပဏီတွေ အနေနဲ့ စာရင်းကိုင်၊ ဆေးရုံနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍတွေအပါအ၀င် လုပ်ငန်းကဏ္ဍ ၁၁ မျိုးကို တရုတ်ပြည်မမှာ လုပ်ကိုင်နိုင်သလို တရုတ်ကုမ္ပဏီတွေအနေနဲ့လည်း လုပ်ငန်းကဏ္ဍ ၉ မျိုးကို တိုင်ဝမ်ကျွန်းမှာ လုပ်ကိုင်နိုင်ကြပါတယ်။

XS
SM
MD
LG