သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား ဒုံးကျည် လွှတ်တင်မှု အမေရိကန် နှင့် တရုတ် တုံ့ပြန်မည်


မြောက်ကိုးရီးယား နိုင်ငံက ဒုံးလက်နက် ပါဝင်နိုင်တဲ့ ဂြိုလ်တု လွှတ်တင်မယ့် အစီအစဉ် နဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ် နိုင်ငံ တို့က ပူးပေါင်း ညှိနှိုင်း တုံ့ပြန်ကြဖို့ သဘောတူ လိုက်ကြတယ် လို့ အမေရိကန် တာဝန် ရှိသူ တွေက ပြောဆို လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပနေတဲ့ နျူကလီယားလုံခြုံမှုဆိုင်ရာ ထိပ်သီးညီလာခံ မှာ မြောက် ကိုးရီးယား က ဒုံး လက်နက် စမ်းသက် ပစ်လွှတ် မယ့် ကိစ္စက လွှမ်းမိုး နေခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ တနင်္လာနေ့ မှာတော့ သမ္မတအိုဘားမား နဲ့ တရုတ်သမ္မတ ဟူကျင်းတောင် တို့ နျူကလီယား လုံခြုံမှု ထိပ်သီး ညီလာခံ ရဲ့ ပြင်ပ တစ်ဦးချင်း တွေ့ဆုံတဲ့ နေရာမှာ မြောက်ကိုးရီးယား နိုင်ငံရဲ့ ဒုံးလက်နက် စမ်းသပ် မယ့် အစီအစဉ် နဲ့ ပတ်သက်ပြီး တရုတ် သမ္မတ ဟူဂျင်းတောင် က တရုတ် နိုင်ငံ အနေနဲ့ အထူး တလည် စိုးရိမ် မကင်း ဖြစ်ရတယ် လို့ ပြောဆိုခဲ့တဲ့ အကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး ပုဂ္ဂိုလ် ဘန်ရုတ်စ် (Ben Rhodes) က သတင်းထောက် တွေကို ပြောဆို လိုက်တာပါ။

တရုတ် နိုင်ငံက သူတို့ စိုးရိမ် မကင်း ဖြစ်နေရတာ နဲ့ ပတ်သက် ပြီး မြောက်ကိုးရီးယားကို အလေးအနက် ပြောဆို ထားပြီး ဖြစ်တယ် လို့ လည်း ဆိုပါတယ်။ တကယ်လို့ မြောက် ကိုးရီးယား နိုင်ငံက သာ အဲဒီ ဒုံး လက်နက် ကို စမ်းသပ် ပစ်လွှတ် ခဲ့မယ် ဆိုရင် နောက်ထပ် ဘယ်လို ခြေလှမ်း တွေ ထပ်လှမ်းပြီးတော့ အရေးယူ မလဲ ဆိုတာ ကို စဉ်းစားသွား မယ် လို့ ခေါင်းဆောင် နှစ်ဦးက သဘော တူခဲ့ကြတာပါ။

မြောက်ကိုရီးယားက နျူကလီယား အရေး အံတု နေတဲ့အပေါ် တရုတ်နိုင်ငံ အနေနဲ့ မျက်စေ့ပိတ် မသိ ကျိုးကျွန် ပြုနေတာ ကို ရပ်တန်း က ရပ်ဖို့ နဲ့ တရုတ်ရဲ့ သြဇာ လွှမ်းမိုးနိုင်မှုကို အသုံးချပြီး နျူကလီးယား အကြံကြီးမှု ကိုဟန့်တား ပေးပါရန် သမ္မတ အိုဘားက တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အဓိကကျတဲ့ မဟာ မိတ်ဖြစ်သလို ကုန်သွယ် ဖက်လည်းဖြစ်ပေမဲ့ မြောက် ကိုရီးယား အပေါ် နိုင်ငံရေးအရ သြဇာ လွှမ်းမိုးနိုင်မှုကတော့ အကန့်အသတ် တွေရှိပါတယ်လို့ တရုတ် အစိုးရ ကပြောပါတယ်။

XS
SM
MD
LG