သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာ ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက် ဆောက်လုပ်ပြီးစီး


ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးတခုကို တရုတ်နိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျတဲ့ မြို့တော် Shanghai မှာ အကြမ်းထည် ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ပေပေါင်း ၂,၀၀၀ ကျော်မြင့်တဲ့ အဲဒီ Shanghai Tower အဆောက်အဦးရဲ့ ထိပ်ဆုံးပိုင်းကို စနေနေ့မှာ ဆောက်လုပ် တပ်ဆင်လိုက်ပါပြီ။ အဲဒီလို တပ်ဆင်မှုနဲ့အတူ နောက်ဆုံးအဆင့် ဆောက်လုပ်ပြီးစီးပြီဆိုတဲ့ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားပြီးရင်တော့ အလုပ်သမားတွေအနေနဲ့ အဆောက်အဦးရဲ့ အတွင်းဘက် ဆောက်လုပ်မှုတွေ ကို ပြောင်းရွှေ့လုပ်ကိုင်ကြတော့မှာပါ။

နောက်နှစ်မှာ ဒီအဆောက်အဦး လုံး၀ အချောသတ် ဆောက်လုပ်ပြီးရင်တော့ အဆောက်အဦးထဲမှာ ရုံးခန်းတွေ ဈေးဆိုင်တွေနဲ့အတူ၊ ဇိမ်ခံဟိုတယ်တခု ရှိပါမယ်။ ပြတိုက်တခုလည်း ရှိလာနိုင်ပါတယ်။ ဒီအဆောက်အဦးကိုတော့ အမေရိကန်ပိသုကာ ကုမ္ပဏီဖြစ်တဲ့ Gensler က ဒီဇိုင်းထုတ်ခဲ့တာပါ။ ကမ္ဘာ အမြင့်ဆုံး မိုးပျံအဆောက်အဦး ကတော့ ဒူဘိုင်းမှာဖြစ်ပြီး၊ အမြင့် ပေပေါင်း ၂,၇၀၀ ကျော်ရှိပါတယ်။
XS
SM
MD
LG