သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီလျံ ၅၀ တန် အမေရိကန်သွင်းကုန်တွေအပေါ် အခွန်ကောက်ဖို့ တရုတ်ကြေညာ


တရုတ်ဘဏ္ဍရေးဒုဝန်ကြီး Zhu Guangyao
တရုတ်ဘဏ္ဍရေးဒုဝန်ကြီး Zhu Guangyao

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုက ၅၀ ဘီလျံတန်ဖိုးရှိတဲ့ သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်သွားမယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ အမေရိကန်ဘက်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ဆောင်ရွက်အပြီး တရုတ်ဘက်က အခုလို လက်တုံ့ပြန်တာပါ။

ပဲပိစပ်၊ လေယာဉ်နဲ့ ကား စတာတွေအပါအဝင် အမေရိကန်သွင်းကုန် ၁၀၆ မျိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးကောက်မှာပါ။ တရုတ်အနေနဲ့ ဒီလို စတင် အခွန်တိုးကောက် ဖို့ဟာ အမေရိကန်ဘက်က ဘယ်ချိန် အခွန်တိုးကောက် မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

လွန်ခဲ့တဲ့လက တရုတ်သွင်းကုန် ၅၀ ဘီလျံ ပမာဏအပေါ် အခွန်တိုးကောက်မယ်လို့ သမ္မတ ထရမ့်က ကြေညာခဲ့ပြီး အင်္ဂါနေ့တုန်းကတော့ လေကြောင်းနဲ့ အာကာသဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ ထုတ်ကုန်တွေအပါအဝင် တရုတ်သွင်းကုန် ၁၃၀၀ ရဲ့ စာရင်းကို အမေရိကန် ကုန်သွယ်ရေးအရာရှိတွေက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံခြားက လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ နည်းပညာအချက်အလက်တွေ ပေးဖို့ ဖိအားပေးခဲ့ကြောင်းလည်း အမေရိကန်က စွပ်စွဲပါတယ်။ တရုတ် ဒုကုန်သွယ်ရေးဝန်ကြီး Wang Shouwen က အခုလိုစွပ်စွဲမှုဟာ အခြေအမြစ်မရှိသလို ကုန်သွယ်ရေး အငြင်းပွါးမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆွေးနွေးအဖြေရှာသွားလိုပေမယ့် အမေရိကန်ဘက်က တင်းတင်းမာမာကိုင်တွယ်မယ်ဆိုရင်တော့ တရုတ်ဘက်ကလည်း အလားတူ တုံ့ပြန်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့စီးပွါးရေးအင်းအားကြီး နိုင်ငံ ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဒီကနေ့ အမေရိကန် စတော့ဈေးကွက်တွေ စဖွင့်ရာမှာ ဈေးကျပြီး ဖွင့်လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG