သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့အမေရိကန်သမ္မတ အင်တာနက်တိုက်ခိုက်မှု ကာကွယ်ရေး သဘောတူ


သမ္မတအိုဘားမား (ဝဲ)၊ တရုတ်သမ္မတ ရှီကျင်းပင် (ယာ) တို့ တွေ့ဆုံကြစဉ်။ (ဂျွန် ၈၊ ၂၀၁၃။)
သမ္မတအိုဘားမား (ဝဲ)၊ တရုတ်သမ္မတ ရှီကျင်းပင် (ယာ) တို့ တွေ့ဆုံကြစဉ်။ (ဂျွန် ၈၊ ၂၀၁၃။)
Cybersecurity အင်တာနက်ကွန်ယက်တွေ လုံခြုံရေး၊ မြောက်ကိုရီးယားအရေးနဲ့ ရာသီဥတုပြောင်းလဲလာမှုအကြောင်းတွေကို ဆွေးနွေးကြတဲ့ အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲဟာ စနေနေ့က ပြီးဆုံးသွားပါပြီ။

တရုတ်အမေရိကန် အနာဂါတ်ဆက်ဆံရေးအတွက် အင်တာနက်ကွန်ယက်တွေ လုံခြုံရေးနဲ့ပတ်သက်တဲ့ သဘောထားကွဲမှုတွေ ဖြေရှင်းဖို့က အဓိကဖြစ်တယ် ဆိုတာကို သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်ပင်းတို့ သဘောတူခဲ့ကြတယ်လို့ အမျိုးသားလုံခြုံရေးရာအကြံပေး Tom Donilon က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်လို့တော့
မြောက်ကိုရီးယားအနေနဲ့ နျူကလီယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ရမယ်ဆိုတာ ခေါင်းဆောင်နှစ်ယာက် သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်းပင်တို့ ကယ်လီဖိုးနီးယားမှာ တွေ့ဆုံကြစဉ်။ (ဂျွန် ၈၊ ၂၀၁၃။)
သမ္မတအိုဘားမားနဲ့ သမ္မတရှီကျင်းပင်တို့ ကယ်လီဖိုးနီးယားမှာ တွေ့ဆုံကြစဉ်။ (ဂျွန် ၈၊ ၂၀၁၃။)

မြောက်ကိုရီးယားကို နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမေရိကန်အစိုးရလိုပဲ တရုတ်အစိုးရကလည်း လက်မခံနိုင်ဘူးဆိုတာကို တရုတ်သမ္မတက အမေရိကန်သမ္မတကို အသိပေးခဲ့တယ်လို့ အမေရိကန်အမျိုးသားအကြံပေး Tom Donilon ကရော တရုတ်နိုင်ငံတော် ကောင်စီဝင် Yang Jiechi က ပါပြောပါတယ်။

အမေရိကန်ပြည်ထောင်စု California ပြည်နယ်မှာ ၂ ရက်ကြာခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးပွဲအတွင်းမှာ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချရးအတွက် ပူးပေါင်းအားထုတ်သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
XS
SM
MD
LG