သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen အကြိုဖမ်းဆီးမှု တရုတ်ကာကွယ် ပြောဆို


တရုတ်နိုင်ငံ Tiananmen ရင်ပြင် နှိမ်နင်းမှု ၂၅ နှစ်ပြည်မယ့် ဒီသီတင်းပတ်မတိုင်ခင် တရုတ်အစိုးရက အတိုက်အခံတွေကို ဖမ်းဆီးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒါဟာ ဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်လို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။

"တရုတ်နိုင်ငံမှာ ဒီလူတွေဟာ ဥပဒေ ချိုးဖောက်သူတွေ ဖြစ်ပါတယ်။ အတိုက်အခံဆိုတာ မရှိပါဘူး။ တရုတ်အစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေက ဥပဒေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တရားဝင် အာဏာကို လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောသွားတာပါ။

ဇွန်လ ၃ ရက်နဲ့ ၄ ရက်မှာ ကျရောက်မယ့် ဒီမိုကရေစီ လိုလားသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်မတိုင်မီ ဒါဇင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး တချို့ကို နေအိမ်အကျယ်ချုပ် ချထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး ဖမ်းဆီးခံလိုက်ရသူကတော့ တရုတ်နိုင်ငံဖွား သြစတြေးလျ အနုပညာရှင် Guojian ဖြစ်ပါတယ်။ Financial Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့က သူ့ကို ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။

ဆန္ဒပြသူပေါင်း ရာဂဏန်းကနေ ထောင်ဂဏန်းအထိ သေဆုံးခဲ့ရဖွယ်ရှိတဲ့ ၁၉၈၉ ခုနှစ် Tiananmen ရင်ပြင် အရေးအခင်းနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဆွေးနွေး ဖော်ထုတ်မှုတွေကို တရုတ်နိုင်ငံ အစိုးရက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဂျင်းမြို့တော်မှာ သာမန်ထက် လုံခြုံရေး ပိုမို တင်းကျပ်စွာ ချထားပါတယ်။
XS
SM
MD
LG