သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen  အရေးအခင်း နှစ်ပတ်လည် တရုတ်အစိုးရကို ကန် ဝေဖန်


 Tiananmen ရင်ပြင်
Tiananmen ရင်ပြင်

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက တရုတ် အစိုးရရဲ့ Tiananmen ရင်ပြင်မှာ သဘောထား ဆန့်ကျင်သူတွေကို သွေးထွက်သံယို ဖြိုခွင်း နှိမ်နင်းမှုကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြတဲ့ တရုတ် ပြည်သူတွေရဲ့ သူရဲ့ကောင်းတွေကို အမေရိကန် ပြည်ထောင်စုက တနလာၤနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။

ဘာလင်တံတိုင်းကြီး ပြိုကျမှု အပြီးနဲ့ အရှေ့ ဥရောပမှာ ကွန်မြူနစ် ဝါဒ ကျဆုံးခဲ့ပြီး လပိုင်းအကြာမှာ စတင်ခဲ့တဲ့ ၊ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ သံချပ်ကာ ကားတွေ၊ စစ်သားတွေကြောင့် ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေဟာဆိုရင် ကမ္ဘာတလွှား လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေး အတွက် တောင်းဆိုဖို့ အနာဂတ် မျိုးဆက်တွေ အတုယူစရာ ဖြစ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က အဖြစ်အပျက်တွေဟာ ကျနော်တို့ စိတ်ထဲမှာ စွဲထင်နေဆဲပါလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ သမိုင်းမှာ အမည်းစက်ဖြစ်နေတဲ့ ဒီအဖြစ်အပျက်အတွက် အဓိက ထိခိုက်နစ်နာရသူတွေ သက်သာရာ ရစေဖို့ အတွက် သေဆုံးသူတွေ ဒါမှမဟုတ်လည်း ပျောက်ဆုံးသူတွေကို အပြည့်အ၀ စာရင်းပြုစုထုတ်ပြန်ဖို့ တရုတ်အစိုးရကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ဒီလို ဆောင်ရွက်ချက်မျိုးဟာဆိုရင် ကွန်မြူနစ် ပါတီ အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်ကို လေးစားလိုတဲ့ စိတ်ဆန္ဒကို အစပြု ဖော်ပြရာ ရောက်စေမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံက ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြကြတဲ့ Tiananmen အရေးတော်ပုံကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့တဲ့ အပေါ်မှာ တရုတ် အစိုးရဘက်ကတော့ ဒါက မှန်ကန်တဲ့ မူဝါဒ ဖြစ်တယ်လို့ တနင်္ဂနွေနေ့မှာ ကာကွယ် ပြောဆိုထားပါတယ်။

Tiananmen  အရေးအခင်း နှစ်ပတ်လည် တရုတ်အစိုးရကို ကန် ဝေဖန်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG