သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အမျိုးသားနေ့မှာ တိဘက်တွေဆန္ဒပြ


တရုတ်အမျိုးသားနေ့မှာ တိဘက်တွေဆန္ဒပြ
တရုတ်အမျိုးသားနေ့မှာ တိဘက်တွေဆန္ဒပြ

တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာ တိဘက်ရာပေါင်းများစွာဟာ တရုတ်အမျိုးသားနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဇီချွမ်း (Sichuan) ပြည်နယ် စီဒါး (Seda) မြို့မှာ တိဘက်အလံကို ဖြုတ်ပစ်ပြီး တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားရဲ့ ဓါတ်ပုံကို ဖယ်ပစ်ခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တနင်္ဂနွေနေ့က သတင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံကို ကွန်မြူနစ်ပါတီ စတင်ချုပ်ကိုင်တဲ့နေ့ကို အမှတ်တရကျင်းပတဲ့ တရုတ်အမျိုးသားနေ့ကို စနေနေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

မတ်လတုန်းက ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးကတည်းက အဲဒီဒေသမှာ တင်းမာမှုတွေ ရှိခဲ့ပြီးနောက်ပိုင်းမှာ ဘုန်းတော်ကြီး အပါး ၃၀၀ ကို အာဏာပိုင်တွေက ဝိုင်းထားပြီး ဘယ်နေရာကိုမှန်းမသိဘဲ ခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ တရုတ်အစိုးရက အဲဒီလို ဘုန်းကြီးတွေ ပျောက်သွားခဲ့တဲ့ကိစ္စကို သူတို့သိကြောင်း ပြောကြားခဲ့ပြီး အဲဒီဘုန်းကြီးတွေက ဥပဒေနဲ့ပတ်သက်ပြီး ပညာပေးခံနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနှစ်အစောပိုင်းက တရုတ်ဘုန်းကြီးငယ်တစ်ပါးက ကိုယ့်ဘာသာကိုယ် စတေးပြီး အသေခံသွားတဲ့ ဘုန်းကြီးကျောင်းမှာ တရုတ်အစိုးရကို ဆန္ဒပြပြီး ဘုန်းကြီး နှစ်ပါး ကိုယ့်ဘာသာကိုယ် မီးရှို့ သတ်သေသွားခဲ့ပါတယ်။

XS
SM
MD
LG