သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဒီမိုကရေစီရေးအုံကြွမှု နှစ်ပတ်လည်နေ့ တီယန်မင်ရင်ပြင်မှာ လုံခြုံရေးတင်းကျပ်


Hundreds of participants attend a candlelight vigil at Democracy Square in Taipei, Taiwan, June 4, 2023, to mark the 34th anniversary of the Chinese military crackdown on the pro-democracy movement in Beijing's Tiananmen Square.
Hundreds of participants attend a candlelight vigil at Democracy Square in Taipei, Taiwan, June 4, 2023, to mark the 34th anniversary of the Chinese military crackdown on the pro-democracy movement in Beijing's Tiananmen Square.

ကနေ့ ဇွန်လ (၄)ရက်နေ့ဟာ တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်က တက္ကသိုလ်ကျောင်းသူကျောင်းသူတွေ စတင်ခဲ့တဲ့ ဒီမိုကရေစီရေး အုံကြွဆန္ဒပြပွဲကြီး နှိမ်နင်းခံခဲ့ရတဲ့ ၃၄ နှစ်မြောက်နှစ်ပတ် လည်နေ့ဖြစ်ပါတယ်။

အကြမ်းဖက်နှိမ်နင်းခံခဲ့ရတဲ့ မြို့တော်ဘေဂျင်းက တီယန်မင်ရင်ပြင်မှာ ဒီကနေ့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဒါပေမယ့်လည်း ဟောင်ကောင်မှာရှိတဲ့ Victoria ပန်းခြံထဲမှတော့ နှစ်ပတ်လည်နေ့ အကြိုဆန္ဒပြခဲ့ကြသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Victoria ပန်းခြံဟာ ၁၉၈၉ ခုနှစ်က တီယန်မင်ရင်ပြင်မှာ ကျဆုံးသွားခဲ့ကြသူ ရာပေါင်းများစွာအတွက် နှစ်ပတ်လည် ဂုဏ်ပြုအောက်မေ့ အထိမ်းအမှတ် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့လေ့ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဂျွန်လက ဟောင်ကောင်မှာ အမျိုးသား လုံခြုံရေး ဥပဒေကို ချမှတ်ခဲ့ပြီး လွတ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့်တွေကို တရုတ်အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ တီယန်မင်ရင်ပြင်မှာ ကျောင်းသားလူငယ်တွေ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြပွဲကို တင့်ကားတွေအသုံးပြုပြီး စစ်သားတွေက ပစ်ခတ်နိုမ်နင်းခဲ့တဲ့အတွက် လူရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG