သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် တရုတ်ကုန် တင်ပို့မှု စတင်ကန့်သတ်


မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်အပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်မှု တစိတ်တပိုင်းအဖြစ်နဲ့ တရုတ်နိုင်ငံက ကုန်ပစ္စည်း တင်ပို့မှုတွေကိုလည်း စတင် ကန့်သတ်လိုက်ပါတယ်။

တနင်္လာနေ့နှောင်းပိုင်းက တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အင်တာနက်ပေါ်မှာ ဖော်ပြခဲ့တဲ့ တင်ပို့မှု တားမြစ်လိုက်တဲ့ စာရင်းထဲမှာတော့ စစ်လက်နက်တွေ၊ ဒါမှမဟုတ် အရပ်ဖက်သုံး နျူကလီးယား လုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei ကတော့ ဒီစာရင်းဟာ မြောက်ကိုရီးယားကို ပြစ်ဒဏ်ခတ်တဲ့ သဘောမဟုတ်ဘဲ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ဖို့ ရည်ရွယ်တဲ့အကြောင်း အင်္ဂါနေ့ကပဲ ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ မြေအောက်မှာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့နောက် နောက်ထပ် နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာကိုတော့ တရုတ်နိုင်ငံကလည်း လက်ခံခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အခုအခါ ပြည်ပကို အားထားစရာ မလိုဘဲ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်တဲ့အကြောင်း အမေရိကန် အခြေစိုက် လေ့လာရေးဌာနက အစီရင်ခံစာအသစ် ထုတ်ပြန်လိုက်ပြီး နောက်မှာပဲ တရုတ်နိုင်ငံရဲ့ ကန့်သတ်ချက် ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG