သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန့်ရှင်းစွမ်းအင် ထုတ်လုပ်မှုအတွက် အထောက်အပံ့တွေ တရုတ်အစိုးရ လျှော့ချမည်


တရုတ်နိုင်ငံရှိ ဆိုလာစက်ရုံ (AP Photo/Alexander F. Yuan)
တရုတ်နိုင်ငံရှိ ဆိုလာစက်ရုံ (AP Photo/Alexander F. Yuan)

နေရောင်ခြည်နဲ့ လေစွမ်းအင် တပ်ဆင်အသုံးပြုမှုတွေ အားကောင်းလာတဲ့ တရုတ်နိုင်ငံမှာ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲမှုတွေအတွက် အစိုးရက ထောက်ပံ့နေတာတွေကို လျှော့ချမယ့်အကြောင်း တရုတ်အစိုးရ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ နေစွမ်းအင် အသုံးပြုမှုနှုန်းဟာ အရင်တနှစ်ကထက် ၂၀၂၄ ခုနှစ်မှာ ၄၅ ရာခိုင်နှုန်းတိုးပြီး စံချိန်ကျော်မြင့်တက်ခဲ့တာပါ။

ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နိုင်ငံတကာအေဂျင်စီရဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံမှာ နေစွမ်းအင် ထုတ်လုပ်မှုဟာ ၈၈၇ ဂီဂါဝပ်နီးပါး ရှိနေပြီး အမေရိကန်ထက် ၆ ဆ ကျော် ရှိနေပါတယ်။ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး သန့်ရှင်းတဲ့ စွမ်းအင်တွေ တပ်ဆင်အသုံးပြုဖို့ ရည်မှန်းချက်ထက် ၆ နှစ် စောပြီး ပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ရည်မှန်းချက်ထက် ကျော်လွန်ခဲ့တာကြောင့် သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်မှု စီမံကိန်းတွေကို ရှေ့လျှောက် ဈေးကွက်အပေါ် အခြေခံတဲ့ အပြောင်းအလဲတွေ လုပ်မယ်လို့ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒီနှစ် ဇွန်လနောက်ပိုင်းမှာ ပြီးစီးတဲ့ သန့်ရှင်းစွမ်းအင် စီမံကိန်းတွေအနေနဲ့ ဈေးကွက်အခြေခံတဲ့ ပေါက်ဈေးနဲ့သာ ရရှိလိမ့်မယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

Forum

XS
SM
MD
LG