သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကုန်သွယ်ရေး လိုငွေပြရာက တဟုန်ထိုး အမြတ်ထွက်


တရုတ်ကုန်သွယ်ရေး လိုငွေပြရာက တဟုန်ထိုး အမြတ်ထွက်

တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ပထမ ၃ လအတွင်း လိုငွေပြနေခဲ့ရာက ဧပြီလအတွင်း မျှော်လင့်ထားတာထက် ပို့ကုန် ပိုများခဲ့တာကြောင့် ပိုငွေပြတဲ့ အဆင့်ကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံ အနေနဲ့ တလအတွင်း တခါမှ မကြုံဘူးတဲ့ ပို့ကုန် စံချိန်တင်လိုက်တာလည်း ဖြစ်ပါတယ်။

ဝါရှင်တန်မြို့မှာ ပြုလုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးကို မျှတမှုရှိဖို့ တရုတ် အရာရှိတွေကို အမေရိကန် အစိုးရက ဖိအားပေး ပြောဆိုနေတဲ့ အချိန်မှာ တရုတ်အစိုးရက အင်္ဂါနေ့မှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဧပြီလအတွက် တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး ပိုငွေပြမှုဟာ ဒေါ်လာ သန်း ၁၁,၀၀၀ ကျော် ရှိခဲ့တယ်လို့ တရုတ်အရာရှိတွေက ပြောကြားလိုက်တာကြောင့် ဒါဟာ ကျွမ်းကျင်သူတွေ တွက်ဆထားတာထက် အတော်လေး များနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ကုန်သွယ်ရေး ပိုငွေပြမှုဟာ ဒေါ်လာသန်း ၁၄၀ သာ ရှိခဲ့ပြီး အခုနှစ် ပထမ ၃ လပတ်အတွင်း လိုငွေ ပြနေခဲ့တာပါ။

ဒီနှစ် ဧပြီလအတွက် ပို့ကုန် စုစုပေါင်း တန်ဖိုးဟာ သန်းပေါင်း ၁၅၆,၀၀၀ ရှိခဲ့တာကြောင့် မနှစ် ၂၀၁၀ ခုနှစ် ဧပြီလထက်စာရင် ၃၀% တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီလရဲ့ ပို့ကုန်ပမာဏဟာ မကြုံဘူးအောင် စံချိန်တင်သွားခဲ့တာ ဖြစ်ပါတယ်။

တရုတ်အစိုးရက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့အတွက် ခြေလှမ်းပြင်နေတာကြောင့် ပြည်ပပို့ကုန်ကို ထိခိုက်လိမ့်မယ်လို့ ထင်ကြေး ပေးနေကြတာတွေလည်း ဒီကြေညာချက်ကြောင့် လျော့ကျသွားစေမှာ ဖြစ်ပါတယ်။

XS
SM
MD
LG