သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ EU ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာ


တရုတ်နိုင်ငံ EU ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာ
တရုတ်နိုင်ငံ EU ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာ

တရုတ်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ကျော်လွန်ပြီး ဥရောပသမဂ္ဂ EU ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သွားပြီလို့ တရုတ်တို့က ပြောလိုက်ပါတယ်။

တရုတ်နဲ့ EU အကြားကုန်သွယ်မှုဟာ ဇူလိုင်လမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နဲ့ EU အကြား ကုန်သွယ်မှုကို ကျော်လွန် သွားခဲ့တယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောခဲ့တာပါ။

တရုတ်နဲ့ EU အကြားကုန်သွယ်မှုဟာ ဇူလိုင်လမှာ ဒေါ်လာ ၄၉ ဒဿမ ၄ ဘီလီယမ်ရှိခဲ့တယ်လို့ ဥရောပ စာရင်းအင်း အေဂျင်စီ Eurostat ကိုကိုးကားပြီး တရုတ်ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒါဟာ အလားတူလအတွင်း အမေရိကန်နဲ့ EU အကြား ကုန်သွယ်မှုထက် ဒေါ်လာ ၁ ဒဿမ ၁ ဘီလျံ ပိုများပါတယ်။

ဇူလိုင်လအတွင်း ဥရောပကို တရုတ်တို့တင်ပို့ကုန် စုစုပေါင်းဟာ ၆ ရာခိုင်နှုန်းလျော့သွားခဲ့ပေမဲ့ EU ကနေ တရုတ်က တင်သွင်းကုန်ကတော့ မနှစ်က အလားတူကာလကထက်စာရင် ၁၂ ရာခိုင်နှုန်း ပိုများခဲ့တယ်လို့ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဇူလိုင်လအတွင်း EU ရဲ့ စုစုပေါင်း ပို့ကုန်သွင်းကုန်ပမာဏမှာ တရုတ်တို့နဲ့ ၁၃ ဒဿမ ၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG