သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူ့အပေါ် စွဲချက်များကို Bo Xilai ငြင်းဆို


တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား ဘိုရှီလိုင်းကို တရားခွင် အတွင်း တွေ့ရစဉ်။ (သြဂုတ်လ ၂၂၊ ၂၀၁၃။)
တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား ဘိုရှီလိုင်းကို တရားခွင် အတွင်း တွေ့ရစဉ်။ (သြဂုတ်လ ၂၂၊ ၂၀၁၃။)
တရုတ်နိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးသမား ဘို ရှီလိုင်းက သူ့အပေါ်စွဲတင်ထားတဲ့ လာဘ်စားမှုဆိုင်ရာ စွဲချက်တွေကို ငြင်းဆိုလိုက် ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံး နိုင်ငံရေးအရှုပ်တော်ပုံထဲက တစ်ခုဖြစ်တဲ့ သူ့ရဲ့အမှုကို ဒီကနေ့ စတင် စစ်ဆေးချိန်အတွင်း သူက အဲဒီလိုငြင်းလိုက်တာပါ။

တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်လာဖို့ အလားအလာရှိတဲ့ မစ္စတာဘိုဟာ ဗြိတိသျှစီးပွားရေးသမားတစ်ဦးကို သူ့ရဲ့ဇနီးဖြစ်သူက သတ်ခဲ့မှုအပေါ် ဖုံးအုပ်ခဲ့တယ်ဆိုတာနဲ့ ဆက်စပ်ပြီး အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက် တွေနဲ့ တရားရင်ဆိုင်နေရတာပါ။

ဒီကနေ့ တရားရုံး ကြားနာမှုကတော့ မစ္စတာဘိုဟာ နှစ်ပေါင်းများစွာ အတွင်း ဒေါ်လာ ၄ သန်းကျော်ကို တရားမဝင် ရယူခဲ့တယ် ဆိုတဲ့စွဲချက်ကို အဓိကထားပြီး ကြားနာခဲ့တာပါ။ နိုင်ငံအရှေ့ပိုင်း ဒါလီယန်းမြို့က အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဆီကနေ သူ လာဘ်စားခဲ့တယ်ဆိုတဲ့ စွဲချက်ကို မစ္စတာဘိုဘက်က အထူးသဖြင့်ကတော့ ပြန်ပြီး ငြင်းဆိုခဲ့ပါတယ်။

လာဘ်စားမှုနဲ့ပတ်သက်လို့ အစောပိုင်းက သူ ဝန်ခံထားခဲ့တာကို မစ္စတာဘိုက ပြန်ရုပ်သိမ်းခဲ့တယ်ဆိုတာကို တရားရုံး မှတ်တမ်း ကောက်နှုတ်ချက်တွေက ပြနေပါတယ်။ သူ့ရဲ့စိတ်ဟာ ဗလာဖြစ်နေခဲ့ပြီး သူ့အပေါ်မှာ စွပ်စွဲထားတဲ့ စွဲချက်တွေကို အပြည့်အ၀ နားမလည်ခဲ့ဘူးလို့ မစ္စတာဘိုက ပြောခဲ့ပါတယ်။
XS
SM
MD
LG