သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့် ကုန်သွယ်ရေးမူဝါဒ တရုတ်စောင့်ကြည့်နေ


တရုတ်-အမေရိကန် ငွေလဲလှယ်မှု။
တရုတ်-အမေရိကန် ငွေလဲလှယ်မှု။

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရွေးကောက်ခံသမ္မတ Donald Trump ပြောဆိုထား တာတွေအပေါ် အလေးထား ကြည့်ရှုနေတယ်လို့ ကုန်သွယ်ရေးဆိုင်ရာ တရုတ်အကြီးတန်း တာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့မှာ ဝါရှင်တန်မြို့တော်မှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးမှာ အသာစီးရဖို့အတွက် တရုတ် ယွမ်ငွေကို ဈေးကစားတယ်ဆိုပြီး မဲဆွယ်စည်းရုံးပွဲတွေအတွင်း Trump က စွပ်စွဲထားတာပါ။ တရုတ်ဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းထားပါတယ်။

တရုတ်နဲ့ကုန်သွယ်တာမှာ အမေရိကန်ဘက်က လိုငွေပြနေတာကို လျှော့ချဖို့ တရုတ်ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်ခွန်တွေ ချမှတ်သွားမယ် လို့လည်း ရွေးကောက်ခံသမ္မတက ခြိမ်းခြောက်ထားပါတယ်။

တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံစလုံးဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတယ်လို့ နိုင်ငံတကာကုန်သွယ်ရေး ဆိုင်ရာ တရုတ် ဒုတိယဝန်ကြီး Zhang Xiangchen ကပြောပါတယ်။ မစ္စတာ Trump သမ္မတတာဝန် စပြီးထမ်းဆောင်တဲ့အခါ WTO စည်းကမ်းသတ်မှတ်ချက်တွေအရ လိုက်နာရမယ့်စည်းကမ်းတွေကို အမေရိကန်က အသိအမှတ်ပြုသင့်ကြောင့် အသိပေး သွားမယ်လို့လည်းဆိုပါတယ်။

ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာငွေတန်ဖိုး တက်နေတဲ့ကြားမှာပဲ ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တဒေါ်လာကို တရုတ်ယွမ်ငွေ ၆.၉ ယွမ်အထိ ဒီကနေ့ တရုတ်က ဈေးချလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG