သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည် တစ်အိမ်ထောင် ကလေး ၂ ယောက် ယူနိုင်ပြီ


တရုတ်နိုင်ငံက ကလေးဆေးရုံ။
တရုတ်နိုင်ငံက ကလေးဆေးရုံ။

တရုတ်နိုင်ငံမှာ ၃၅ နှစ်ကြာ ပြဌာန်းခဲ့တဲ့ တအိမ်ထောင် ကလေး တယောက်ပဲ ယူလို့ ရတဲ့ မူဝါဒကို ပြောင်းလိုက်ပြီဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ကြာသပတေးနေ့မှာ ကြေညာပါတယ်။ အခု ပြစ်ဒဏ်ဆောင်စရာ မလိုပဲ တအိမ်ထောင်ကို ကလေး ၂ ယောက် ယူခွင့်ရှိပြီဖြစ်ပါတယ်။

ဒီကြေညာချက်ကနေ တအိမ်ထောင် ကလေးတယောက်ပဲ ရှိတဲ့ မိသားစုတွေ လူဦးရေပိုတိုးလာပြီး နွေးထွေးမှုရှိလာမှာမို့ တချို့က ကြိုဆိုကြပေမယ့် ဒီပြောင်းလဲလိုက်တဲ့ ဥပဒေကနေ နောင်ကြုံလာရနိုင်တဲ့ စီးပွါးရေး စိန်ခေါ်မှုတွေနဲ့ ရှေ့လျောက် အစိုးရဘက်က ရုန်းကန်ရမယ့် အနေအထား ဘယ်လောက်ကြီးမား တယ်ဆိုတာကို ထောက်ပြနေသူတွေလည်း ရှိနေတာပါ။

ဒီအပြောင်းအလဲဟာ တရုတ်နိုင်ငံ ရင်ဆိုင်နေရတဲ့ စီးပွါးရေးပြဿနာ ကြီးထွားလာနေတာ အပေါ် အဓိက အခြေခံထားတာပါ။ တရုတ်နိုင်ငံမှာ အရင်မူဝါဒ မချခင်က မွေးဖွါးခဲ့တဲ့ မိသားစုဝင် အများအပြားရှိတဲ့ အိမ်ထောင်စုတွေကြောင့် လူဦးရေ ထူထပ်နေတာဖြစ်ပြီး အခုတော့ တရုတ်နိုင်ငံမှာ လုပ်အားတွေ လိုအပ်နေတာပါ။

တရုတ်နိုင်ငံသားတချို့ကလည်း ကလေး တယောက်ထက် ပိုလိုချင်ကြတာ ဖြစ်ပြီး ကလေးတွေ ပိုများတာဟာ အိမ်ထောင်ကို ပိုသာယာစေသလို ပိုမိုနွေးထွေးတဲ့ မိသားစု ဘဝကို ရနိုင်မယ်လို့ ယုံကြည်နေကြတာပါ။

တရုတ်အစိုးရက သူ့ရဲ့ တင်းကြပ်တဲ့ တအိမ်ထောင် ကလေးတယောက်နှုန်း မူဝါဒကကနေ မိသားစု ပမာဏ ကန့်သတ်မှုကို ပိုလျှော့ပေးလာ နေ ပေမယ့် ဒါဟာ နိုင်ငံတွင်း လုပ်သားလိုအပ်ချက် လျော့နည်းလာနေတာကိုတော့ ရပ်တံ့သွားအောင် မလုပ်နိုင်သေးပါဘူး။

XS
SM
MD
LG