သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သူဌေး မာဖီးယားခေါင်းဆောင် အဖြစ် တရားစွဲခံရ


တရုတ်သူဌေး Liu Han
တရုတ်သူဌေး Liu Han
တန်ဖိုးကြီး ဖရာရီ (Ferrari) ပြိုင်ကားမောင်းတဲ့ သန်းကြွယ်သူဋ္ဌေးကို အာဏာပိုင်တွေက မာဖီးယားလူဆိုးဂိုဏ်း ခေါင်းဆောင်အဖြစ် ဖမ်းဆီးလိုက်တာမျိုးကို ရုပ်ရှင်တွေထဲမှာပဲ တွေ့ရလေ့ရှိပေမယ့် အခု တရုတ်နိုင်ငံမှာ ဒီပုံစံအတိုင်းတကယ် တွေ့ကြုံလာရပြီဖြစ်ပါတယ်။

တရုတ်သတ္တုတွင်း သူဌေးကြီး လျူဟန် (Liu Han) ဟာ လူဆိုးဂိုဏ်းတခုကို ထောင်ထားပြီး ဒီဂိုဏ်းက လူသတ်မှု ၉ မှုကို ကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေ တွေက ပြောကြားလိုက်တာပါ။ ဒီဂိုဏ်းဟာ ၁၉၉၃ ခုနှစ်ကစပြီး အိမ်ခြံမြေအရောင်းအဝယ်၊ စွမ်းအင်ဆိုင်ရာ နဲ့ သတ္တုတူးဖေါ်မှုလို စီးပွါးရေးလုပ်ငန်းတွေ လုပ်ခဲ့သလို၊ ဒေါ်လာ ဘီလံနဲ့ချီပြီး ချမ်းသာအောင် ငွေညှစ်တာတွေနဲ့ လဒ်ပေးလဒ်ယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရက တရားစွဲဆိုခဲ့တဲ့ ၃၆ ယောက်ထဲမှာ စီရွှမ်း ဟန်လုံ (Sichuan Hanlong) စွမ်းအင်လုပ်ငန်းအဖွဲ့ရဲ့ အကြီးအကဲဟောင်းတယောက် ဖြစ်တဲ့ လျူဟန် နဲ့ သူ့အကိုဖြစ်သူ လျူဝေ (Liu Wei) တို့လည်း ပါဝင်ပါတယ်။ သူတို့ကို လူသတ်မှု၊ တရားမဝင်ဖမ်းဆီး နှိပ်စက်မှုတွေ အပါအဝင် ပြစ်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။
XS
SM
MD
LG