တိုင်ဖုန်းမုန်တိုင်းက အရှေ့တောင် ကမ်းခြေနား ကပ်လာတဲ့အတွက် လူပေါင်း ၁၅၀,၀၀၀ ကို တရုတ် အာဏာပိုင်တွေက ပြောင်းရွှေ့လိုက်ပါတယ်။
ကြာသပတေးနှောင်းပိုင်းက တောင်တရုတ် ပင်လယ်ပြင်ရဲ့ မြောက်ပိုင်းမှာ တိုင်ဖုန်း မယ်ဂျီ (Megi) က ဗဟိုပြုနေတာပါ။ မြောက်ဘက်ကို တဖြည်းဖြည်းရွှေ့ပြီး တရုတ်ပြည် အရှေ့ပိုင်းက ဂွမ်ဒေါင်းပြည်နယ်ကို ဦးတည်သွားနေပါတယ်။
မုန်တိုင်းဟာ စနေနေ့မှာ ကျနိုင်တယ်လို့ မိုးလေဝသက ခန့်မှန်းထားပါတယ်။ ကုန်းပေါ်ကို ရောက်တဲ့အခါ ပိုပြီး ပြင်းသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
လေတိုက်နှုန်းက တနာရီ ၁၇၅ ကီလို၊ မိုင်အားဖြင့် ၁၀၅ လောက်ရှိပြီး ပြင်းထန်နိုင်တယ်လို့ ဟောင်ကောင် မိုးလေဝသက ဆိုပါတယ်။
တရုတ်က အဆင့် ၄ ဆင့်ပါတဲ့ သတိပေးစနစ်အတိုင်း အမြင့်ဆုံး သတိထားဖို့ တပ်လှန့်ထားပါတယ်။ မုန်တိုင်းကြောင့် ရွာတွေနဲ့ မြို့တွေ ပျက်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဂွမ်ဒေါင်းပြည်နယ်မှာ နေထိုင်သူတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဖူကျင့်ပြည်နယ်က လူ ၁၅၀,၀၀၀ ကို မြောက်ပိုင်းကို ရွှေ့ပြောင်းထားပါတယ်။