သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ


တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiangဒေသ။
တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiangဒေသ။
အစ္စလာမ် ခွဲထွက်ရေးလှုပ်ရှားသူတွေကို တရုတ်အစိုးရက တိုက်ခိုက်ချေမှုန်းမှုနေတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသမှာ သံသယဖြစ်ဖွယ် စစ်သွေးကြွ ၈ ယောက်ကို တရုတ်ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ နောက်ထပ် စစ်သွေးကြွ သုံးယောက်ဟာလည်း သူတို့ဘာသာ အသေခံဗုံးဖောက်ခွဲပြီး သေဆုံးခဲ့တဲ့အကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက သောကြာနေ့က ပြောပါတယ်။

Aksu ဒေသ Wushi အရပ်က ပန်းခြံတခုရှေ့မှာ အကြမ်းဖက်သမားတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ကားတွေမောင်းနှင်လာပြီး ရဲဝန်ထမ်းတအုပ်ကို ဝင်ရောက် တိုက်ခိုက်ချိန်မှာ ခုလို သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ အကြမ်းဖက်သမားတွေဟာ အသေခံ ဗုံးခွဲ တိုက်ခိုက်တဲ့အခါ အသုံးပြုဖို့အတွက် LNG ဓာတ်ငွေ့တွေ အများအပြားကို ကားထဲမှာ သယ်ဆောင်လာခဲ့တဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရက သူတို့အပေါ် ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ပြောဆိုနေကြတဲ့ ဝှီကာ မူဆလင် လူမျိုးစု နဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။ အစိုးရကတော့ တိုက်ခိုက်မှု အများစုကို East Turkestan Islamic Movement အဖွဲ့က လုပ်ဆောင်တာလို့ ပြစ်တင်ထားပါတယ်။

ဒီအဖွဲ့ဟာ သီးခြား လွတ်လပ်ရေးရယူဖို့ တိုက်ခိုက်နေကြ တာဖြစ်ပြီး၊ နိုင်ငံရပ်ခြားက အစွန်းရောက်တွေရဲ့ ကျောထောက်နောက်ခံ ရထားတဲ့အဖွဲ့လို့ ဆိုပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ တရုတ်အစိုးရဟာ သူ့ရဲ့ မူဆလင်တွေအပေါ် ဖိနှိပ်မှုတွေကို ဖုံးကွယ် ကာကွယ်ပြောဆိုဖို့အတွက် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုပြီး ချဲ့ကား ပြောဆိုနေတာလို့ ဝေဖန်ပါတယ်။
XS
SM
MD
LG