သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုလက်မခံတဲ့ ယူရေနီယံ သန့်စင်စီမံကိန်း တရုတ်အစိုးရဖျက်သိမ်း


ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို တရုတ်လူထု ဆန္ဒပြခဲ့ကြစဉ်။
ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို တရုတ်လူထု ဆန္ဒပြခဲ့ကြစဉ်။
တရုတ်နိုင်ငံမှာ ယူရေနီယံသတ္ထုသန့်စင်တဲ့ စက်ရုံတည်ဆောက်မယ့်ကိစ္စကို လူထုရာနဲ့ချီပြီး ကန့်ကွက်လို့ အစိုးရက အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါ တယ်။ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း CNNC ရဲ့ ဒေါ်လာ သန်း ၆ ထောင်တန် စီမံကိန်းကို ရပ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းက Guangdong ပြည်နယ် Heshan မြို့တော်ဝန် က သူတို့မြို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

ဘေးအန္တရယ်ကင်းရှင်းရေးအတွက် စိတ်မချရလို့ ဒေသခံတွေက စက်ရုံဆောက်လုပ်မယ့်ကိစ္စကို ကန့်ကွက်နေကြတာပါ။ ဒါကြောင့် သောကြာနေ့တုန်းကပဲ ကန့်ကွက်တဲ့စာတန်းတွေ ကိုင်ဆောင် ကြွေးကြော်သံတွေ ဟစ်အော်ပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေကြောင့် အစပိုင်းမှာ အရာရှိတွေ ညှိနှိုင်းမှုကာလကို ၁၀ ရက် တိုးခဲ့ရပြီး စနေနေ့ကျတော့ ဒီ အစီအစဉ်ကို ဖျက်သိမ်းဖို့ နောက်ဆုံး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ CNNC ကော်ပိုရေးရှင်းဘက်က ချက်ချင်းတုံ့ပြန်မှု မရရှိသေးပါဘူး။
XS
SM
MD
LG