သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်ဆံရေး တည်ငြိမ်အောင်လုပ်ဖို့ တရုတ်က အိန္ဒိယကို ပြောကြား


India's External Affairs Minister Subrahmanyam Jaishankar, left, and Chinese Foreign Minister Wang Yi
India's External Affairs Minister Subrahmanyam Jaishankar, left, and Chinese Foreign Minister Wang Yi

တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံဆက်ဆံရေး တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရ အကြီးတန်းတာဝန်ရှိသူ Wang Yi က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယထိပ်တန်း သံတမန်တွေ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံဆွေးနွေးပွဲ ဘေးပန်းမှာ သောကြာနေ့က သီးသန့်တွေ့ဆုံခဲ့ကြတာပါ။ ၂ နိုင်ငံကြား ရှည်လျားတဲ့ နယ်နိမိတ် ထိဆက်နေသလို၊ ပိုင်နက်အငြင်းပွားမှုတွေလည်း ရှိနေပြီး စစ်ပွဲတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။

၂ နိုင်ငံကြားမှာ သံသယတွေဖြစ်မယ့်အစား အပြန်အလှန် ပံ့ပိုးကူညီဖို့ လိုအပ်တယ်လို့ နိုင်ငံခြားမူဝါဒရေးရာတာဝန်ရှိသူ Wang Yi က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ကို ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

နယ်နိမိတ်ပြဿနာနဲ့ ပတ်သက်လို့ ၂ ဖက်လုံးက လက်ခံနိုင်တဲ့ အဖြေရအောင် ကြိုးစားသွားဖို့လိုတယ်လို့ Wang Yi က Jaishankar ကို ပြောကြားခဲ့ပါတယ်။ နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်အကြီးအကဲအဆင့် ဆွေးနွေးပွဲတွေ နောက်တကြိမ်လုပ်ဖို့ ၂ ဘက်လုံးသဘောတူခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။ ၂၀၂၀ ခုနှစ်မှာ ၂ ဘက် စစ်တပ်ကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား ၄ ယောက်သေဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၂ နိုင်ငံကြား သံတမန်တွေနဲ့ စစ်တပ်တာဝန်ရှိသူတွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြတဲ့အတွက် တင်းမာမှုတွေ ပြေလျော့ခဲ့ပေမဲ့ နယ်စပ်ကိစ္စက အတိမ်းအစောင်း မခံနိုင်သလို အန္တရာယ်များတယ်လို့ အိန္ဒိယအစိုးရက ဖော်ပြပြောဆိုထားပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ တရုတ်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG