သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ကြိုးပမ်းမှု တရုတ်သမ္မတ ထောက်ခံ

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အစိုးရအဖွဲ့ အကြီးတန်း အရာရှိကြီး ၂ ဦးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အပြီးမှာ အမေရိကန်နဲ့ ဆက်ဆံရေးကို အခုထက် ပိုကောင်းအောင် လုပ်ဖို့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) က ထောက်ခံ သဘောတူခဲ့ပါတယ်။

မစ္စတာဟူဟာ အမေရိကန်သမ္မတ အိမ်ဖြူတော် စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် လယ်ရီ ဆမ်းမားစ် (Larry Summers) နဲ့ သမ္မတ အိုဘားမားရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး တွမ် ဒိုနီလွန် (Tom Donilon) တို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် အဆင့်မြင့် အရာရှိတွေရဲ့ ဒီဆွေးနွေးပွဲတွေဟာ ၃ ရက် ကြာခဲ့ပါတယ်။

ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာထဲမှာတော့ နှစ်နိုင်ငံ စစ်ရေး ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူညီမှုတွေ ရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တရုတ်အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

တိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှုအတွက် ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောကြားဖို့ တရုတ်နိုင်ငံဘက်က ဆိုင်းငံ့ထားခဲ့တာပါ။

ဒီလို ဆွေးနွေးပြောဆိုမှုတွေ စတင်တယ် ဆိုတာဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် သွားနေတဲ့ ခြေလှမ်းတရပ်ပဲ ဖြစ်တယ်လို့ ဘေဂျင်း၊ ဆင်ဟွာ (Tsinghua) တက္ကသိုလ်က ပါမောက္ခ ပက်ထရစ် ကိုဗန်နက် (Patrick Chovanec) က ဗွီအိုအေကို ပြောပါတယ်။

တကယ်လို့ မြောက်ကိုရီးယား ဒါမှမဟုတ် တောင်တရုတ် ပင်လယ်ပြင်ထဲက ပြဿနာ ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ လုပ်မယ်ဆိုရင် နှစ်နိုင်ငံ စစ်တပ်တွေ အနေနဲ့ အနီးကပ် ဆက်သွယ်မှုတွေ ရှိဖို့တော့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

This item is part of
XS
SM
MD
LG