သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘူမိဗေဒပညာရှင် တရုတ် ထောင်ချ

တရုတ်နိုင်ငံရဲ့ လျှို့ဝှက်တဲ့ ဥပဒေအရ အမေရိကန် ဘူမိဗေဒပညာရှင် တဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

အဲဒီဥပဒေနဲ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့အတွက် တရုတ်နိုင်ငံ အတွင်းမှာ စီးပွားရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အကန့်အသတ်တွေ ရှိလာမလား ဆိုပြီးတော့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တနင်္လာနေ့က အမေရိကန်ဒေါ်လာ ၃၀,၀၀၀ အပါအဝင် အခုလိုမျိုး ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စိတ်ပျက်မိတယ်လို့ ပြောလိုက်ပြီး Xue ကို ချက်ချင်းပြန်လွှတ်ပြီး အမေရိကန်နိုင်ငံကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် အမေရိကန်နိုင်ငံသားဖြစ်တဲ့ Xue ဟာ ၂၀၀၇ ခုနှစ်က သူ့ရဲ့ အလုပ်ရှင်ဖြစ်တဲ့ အမေရိကန်နိုင်ငံ ကော်လိုရားဒိုးပြည်နယ် အခြေစိုက် IHS ကုမ္ပဏီကို ရေနံစက်ရုံတွေရဲ့ သတင်းအချက်အလက်တွေ ရောင်းချခဲ့တဲ့ ကိစ္စမှာ ပါဝင်ခဲ့ပြီးတဲ့နောက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ကုမ္ပဏီနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲဒီ သတင်းအချက်အလက်တွေဟာ လူတိုင်း အကန့်အသတ်မရှိ ရယူနိုင်ကြောင်းနဲ့ Xue ကို တရားစွဲဆိုခဲ့တဲ့ ဥပဒေတွေဟာ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG