သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လူ့အခွင့်အရေး ချိုးဖောက်မှု တရုတ်ကြေညာချက်ထုတ်


အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်
အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်
အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ ကိစ္စတွေကို
ဖော်ပြထားတဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။
တရုတ်အစိုးရ အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့ အမေရိကန်အစိုးရရဲ့
ကမ္ဘာတဝန်းလူ့အခွင့်အရေးနှစ်ပါတ်လည်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ
ခုလို တရုတ်ဖက်ကလဲ ပြန်ပြီး အစီရင်ခံစာထုတ်ခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရက ဝေဖန်သူတွေ အပေါ် နှိမ်နှင်းမှုတွေ၊ လူနည်းစု တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ အင်တာနက် ဆင်ဆာဖြတ်မှုတွေပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ
တရုတ်အစိုးရရဲ့ မူဝါဒတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့
အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရက တအိမ်ထောင် ကလေးတယောက်ပဲမွေးရမယ်ဆိုတဲ့ မူကို လျှော့ပေါ့ပေးခဲ့တဲ့ အပေါ်မှာတော့ တိုးတက်မှုအဖြစ် အသိအမှတ်ပြုထားပါတယ်၊ တရုတ်နိုင်ငံအကြောင်း 154
မျက်နှာပါတဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ တရုတ်ရဲ့
လူ့အခွင့်အရေးအခြေအနေနဲ့ ပါတ်သက်လို့ အနှုတ်လက္ခဏာပြနေတာတွေကို
မီးမောင်းထိုးပြထားပါတယ်၊ လူ့အခွင့်အရေးကိစ္စကြောင့်ပဲ ဟိုးအရင်ထဲက
အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးမှာ မကျေလည်မှုတွေ ရှိခဲ့ပါတယ်။

ဒီကနေ့သောကြာနေ့မှာ တရုတ်ဖက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အမေရိကန်ဟာ သူ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ပြဿနာတွေကို သတိထားပြီးကွယ်ဝှက် ရှောင်တိမ်းထားတယ်လို့ ဝေဖန်ထားပါတယ်၊ နိုင်ငံခြားမှာ အမေရိကန်ရဲ့မောင်းသူမဲ့ Drone ယဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးမှု၊ အမေရိကန်ထဲမှာ သေနတ်ပိုင်ရှင်တွေရဲ့ အကြမ်းဖက် ပြစ်ခတ်မှုတွေ၊ ဆိုးဝါးနေတဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို တရုတ်ရဲ့ အစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားပါတယ်။
XS
SM
MD
LG