သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်အရေး အမေရိကန် ဝင်မစွက်ဖို့ တရုတ်သတိပေး


တိဘက်အရေး အမေရိကန် ဝင်မစွက်ဖို့ တရုတ်သတိပေး
တိဘက်အရေး အမေရိကန် ဝင်မစွက်ဖို့ တရုတ်သတိပေး

တရုတ်နိုင်ငံမှာ တိဘက်ဘုန်းတော်ကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်တဲ့ဖြစ်ရပ်တွေ ပိုပြီးဖြစ်လာတဲ့အပေါ် အထူး စိုးရိမ်တယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်အနေနဲ့ ဘာသာရေး ဖြစ်ရပ်တွေကို ခုတုံးလုပ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်မှုတွေ မလုပ်ဖို့ တရုတ်က သတိပေး ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်က ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာကိုကြည့်ရင် တရုတ် အစိုးရရဲ့ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ တင်းကျပ်မှုတွေအပေါ် အကြီးအကျယ် ဒေါသ ထွက်နေကြတယ် ဆိုတာကို ဖော်ပြနေတာပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) က တနင်္လာနေ့က ပြောဆိုခဲ့တာပါ။

ခုလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အမေရိကန်ဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး တရုတ် နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်တာမလုပ်ဖို့ ဗုဒ္ဓဟူးနေ့က သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် လူနည်းစုတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ် ပေးထားတယ်လို့လည်း သူက အလေးပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG