သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တရုတ် ဆက်ဆံရေး တကမ္ဘာလုံးအတွက် အရေးပါ


အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ၂၁ ရာစု ကမ္ဘာကြီးအတွက် အလွန်အင်မတန်မှ အရေးပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ က ပြောလိုက်ပါတယ်။

“အမေရိကန်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးဟာ ယနေ့ ကမ္ဘာမှာ အရေးအကြီးဆုံးဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးဟာ၂၁ ရာစုရဲ့ပုံရိပ်ကို ဆုံးဖြတ်ပေးမှာပါ။ ဒါကြောင့် ကျနော်တို့ဟာ မှန်မှန်ကန်ကန် ဆောင်ရွက်ရပါမယ်”- လို့ မစ္စတာ ကယ်ရီက ပြောသွားတာပါ။

တရုတ်အပါအဝင် ပြည်ပနိုင်ငံခရီးစဉ်အတွက် မစ္စတာ ကယ်ရီဟာ အမေရိကန်ပြည်ထောင်စုကနေ အင်္ဂါနေ့မှာ စတင်ထွက်ခွာသွားပါပြီ။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေမှာ ရာသီဥတု ပြုပြင်ပြောင်းလဲရေးနဲ့ ကမ္ဘာ့ကုန်သွယ်ရေးကိစ္စ အပါအဝင် တခြားဆောင်ရွက်စရာ ကိစ္စအများအပြားကို အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ်ကနေ ဖြေရှင်းဖို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိနေကြောင်းကိုလည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ၊ အွန်လိုင်းကနေ အချက်အလက်တွေ ခိုးယူမှုနဲ့ ပင်လယ်ပြင် လုံခြုံရေး ကိစ္စရပ်တွေကို အမေရိကန်အနေနဲ့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူးဆိုပြီး သူက ပြောပါတယ်။

မကြာခင်သီတင်းပတ်တွေမှာ အီရန်ရဲ့ နျူကလီးယားအရေး သဘောတူညီချက်ရဖို့ သတ်မှတ်ရက် နီးကပ်လာတာနဲ့အမျှ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif နဲ့ မစ္စတာ ကယ်ရီတို့ အိုမန်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG