သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ကျင်းပခဲ့တဲ့ မဟာဗျူဟာမြောက် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေက နှစ်နိုင်ငံအကြား တန်ဖိုးကြီးတဲ့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကွန်ယက်တွေအတွက် အထောက်အကူ ပြုပေမဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နေရာတွေမှာ ကွာဟမှုတွေ ကြီးမားလာနေတာ၊ အမေရိကန်နဲ့ နိုင်ငံခြားကုမ္ပဏီတွေ တရုတ်နိုင်ငံအတွင်း စီးပွားရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားလာနေတာကို နှစ်နိုင်ငံစလုံးက တွေ့မြင်လာနေကြပါတယ်။

နှစ်နိုင်ငံအစိုးရအရာရှိတွေအကြား အဆင့်မြင့် ဆွေးနွေးမှုတွေ ၂ ရက်ကြာ ကျင်းပပြီးတဲ့နောက် အမေရိကန်နဲ့ တရုတ်အစိုးရတို့က နှစ်ဘက် ကွာခြားမှုတွေ ရှိနေတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ကြပြီး ဒီထက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောကြပါတယ်။

တရုတ်နိုင်ငံအတွင်း ပြည်ပက စီးပွားရေး လာရောက် လုပ်ကိုင်လိုသူတွေအတွက် တံခါးဖွင့်ထားပေးမယ်လို့ သမ္မတ ရှီကျင့်ပင်က သူ့ကို ကတိပြု ပြောကြားခဲ့ကြောင်း သမ္မတ ရှီကျင့်ပင်နဲ့ တွေ့ဆုံအပြီး ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

“သမ္မတ ရှီကျင့်ပင်ထံက ကျနော် တိုက်ရိုက်ကြားခဲ့ရတာကတော့ - တရုတ်နိုင်ငံအနေနဲ့ တံခါးဖွင့်ထားမယ်၊ နောက်ပြီးတော့ လက်ရှိထက်လည်း ပိုပြီးတော့ တံခါးတွေ ဖွင့်ပေးသွားမယ်ဆိုတာနဲ့ လက်ရှိ တည်ဆဲဥပဒေတွေဟာ တရုတ်နိုင်ငံထဲမှာ စီးပွားရေးလာလုပ်ကြတဲ့ ကုမ္ပဏီတွေအပေါ် ဘယ်လိုနည်းနဲ့မှ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်တဲ့အတွက် ယုံကြည်မှု ရှိရှိနဲ့ လုပ်ကိုင်ကြစေလိုတဲ့အကြောင်း ကျနော့်ကို ပြောခဲ့ပါတယ်။”

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားက ခက်ခဲရှုတ်ထွေးနဲ့ ဆက်ဆံရေး အဆင်ပြေ ချောမွေ့လာစေရေးအတွက် အခုလို အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆယ်စုနှစ် တခုကျော်ကြာ ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG