သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သွင်းကုန်ခွန်တိုးမြင့်မှု တရုတ်သတိပေး


အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်သတ်မှတ်မှုတွေဟာ ကမ္ဘာတဝန်းမှာ မကျေနပ်စရာတွေသာ ပေါ်ပေါက်လာနိုင်ကြောင်း တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။ ဒေါ်လာဘီလီယံ ၂၀၀ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်အစိုးရက သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ ခြိမ်းခြောက်နေချိန်မှာပဲ တရုတ်နိုင်ငံက သတိပေးလိုက်တာပါ။

တရုတ်ကုန်ပစ္စည်းတွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်မယ့် အစီအစဉ်ကို ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရေး စဉ်းစားဖို့ သမ္မတ Donald Trump က ပြောဆိုထားကြောင်းလည်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer က မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံဘက်က အပြောင်းအလဲတွေ လုပ်စေချင်တာတွေကို အမေရိကန်က ရှင်းရှင်းလင်း ပြောဆိုထားပေမဲ့ တရုတ်နိုင်ငံက ဥပဒေနဲ့မညီဘဲ အမေရိကန် အလုပ်သမားတွေ၊ စိုက်ပျိုးမွေးမြူရေးသမားတွေ၊ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်နစ်နာစေအောင် လုပ်ခဲ့ကြောင်းလည်း ကုန်သွယ်ရေးကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။

အမေရိကန်က နောက်ထပ် အခွန်တွေ တိုးကောက်ဖို့ ခြိမ်းခြောက်မှု အပေါ်မှာတော့ တရုတ်နိုင်ငံက အပြင်းအထန် တုန့်ပြန်ခဲ့သလို၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ ကမ္ဘာတဝန်း လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ တည်ငြိမ်မှုတွေကို ကာကွယ်ဖို့ တန်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

အမေရိကန်ဟာ ကမ္ဘာကြီးအတွက် ထည့်သွင်းမစဉ်းစားပဲ တရုတ်နိုင်ငံအပေါ် အနုနည်း၊ အကြမ်းနည်းတွေသုံးပြီး ထိရောက်မှုမရှိတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တဲ့အတွက် ကုန်သွယ်ရေး စစ်ပွဲကို မလိုလားကြတဲ့ ကမ္ဘာတဝန်းက မကျေနပ်မှုတွေသာ ကြုံရမှာဖြစ်ကြောင်းလည်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်း သွင်းကုန်ခွန် တိုးမြှင့်မှုတွေနဲ့ ကုန်သွယ်ရေး မညီမျှမှုတွေကို ဖြေရှင်းလို့ မရနိုင်တဲ့အကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ညီလာခံ အလွတ်သဘော ဆွေးနွေးပွဲအတွင်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG