သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုပ်ဖိနပ်သွင်းကုန်တွေ အခွန်ကင်းလွှတ်ခွင့်ပေးဖို့ Trump ကို ကန်လုပ်ငန်းရှင်တွေ ပန်ကြား


အမေရိကန် သမ္မတက တရုတ်သွင်းကုန်တွေ အပေါ် နောက်ထပ် အခွန်ကောက်မှုတွေမှာ ဖိနပ်တွေ အပေါ် ကင်းလွတ်ခွင့်ပေးဖို့ Nike၊ Under Armour နဲ့ Adidas တို့လိုကျော်ကြားတဲ့ ဖိနပ်တံဆိပ်ကြီးတွေ အပါအဝင် အမေရိကန် ဖိနပ် ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ လက်လီရောင်းချသူ လုပ်ငန်းကြီး ၁၇၀ ကျော်က သမ္မတ Donald Trump ကို အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။

တရုတ်က တင်သွင်းတဲ့ ဖိနပ်တွေ အပေါ်မှာ အခွန် ၂၅ ရာခိုင်နှုန်း ကောက်ဖို့ သမ္မတရဲ့ ရည်ရွယ်ချက်ဟာဆိုရင် စားသုံးသူတွေ၊ ကုမ္ပဏီတွေနဲ့ အမေရိကန် စီးပွားရေး တခုလုံး အတွက် အကြီးအကျယ် သက်ရောက်မှု ဖြစ်ပါလိမ့်မယ်လို့ ဖိနပ်ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေ၊ ဖိနပ် ဖြန့်ဖြူးသူတွေနဲ့ လက်လီ အရောင်းဆိုင်ကြီးတွေ အတွက် အကျိုးဆောင်ပေးနေသူတွေက ပြောဆိုကြပါတယ်။

တချို့ ဖိနပ်ထုတ် လုပ်ငန်းကြီးတွေက စက်ရုံတွေကို ဗီယက်နမ်နဲ့ ကမ္ဘောဒီယားတို့ကို အဓိကထားပြီး တခြားဒေသတွေကို ရွှေ့ခဲ့ကြပေမယ်လို့လည်း ပြီးခဲ့တဲ့ နှစ် အတွင်း တရုတ်ကနေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ ဖိနပ်တွေ တင်သွင်းခဲ့ရပါတယ်။ ရည်ရွယ်ထားတဲ့ အခွန်နှုန်းထား အတိုင်းသာ တရုတ်ပြည်ထုတ် ဖိနပ်တွေ အပေါ် အခွန်ကောက်လိုက်မယ်ဆိုရင်တော့ အမေရိကန် စားသုံးသူတွေ အတွက် လက်ရှိ အနေအထားထက် နှစ်စဉ် ဒေါ်လာ ၇ ဘီလီယံ ပိုပြီး ကုန်ကျသွားစေမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG