သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်လှမ်းမှု ရပ်ဆိုင်းဖို့ တရုတ်ပြောကြား

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Susan Rice နဲ့ တရုတ်စစ်ရေးကော်မရှင် ဒုဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Fan Shanglong တို့တွေ့ဆုံစဉ်

1/4
အသေးစိတ် ဖတ်ရှုရန် Show less
2/4
အသေးစိတ် ဖတ်ရှုရန် Show less
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Susan Rice နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်
3/4 အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Susan Rice နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Susan Rice နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်
4/4 အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Susan Rice နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

တရုတ်ထိပ်တန်း ကြည်းတပ်ဗိုလ်ချုပ်ကြီးတဦးက အမေရိကန်အနေနဲ့ တရုတ်ပိုင်နယ်မြေအနီးနားမှာ ထောက်လှမ်းရေးလုပ်နေတာ ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ Barack Obama ရဲ့ အကြီးတန်းအကြံပေးအရာရှိ Susan Rice နဲ့ ဒီနေ့ တွေ့ဆုံရာမှာ တရုတ်စစ်ရေးကော်မရှင် ဒုဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Fan Shanglong က ခုလို တောင်းဆိုလိုက်တာပါ။

တရုတ်နိုင်ငံ အစိုးရပိုင် Xinhua သတင်းဌာနနဲ့ ပြောရာမှာ စစ်ကော်မရှင် ဒုဥက္ကဌ Fan Shanglong က အမေရိကန်အနေနဲ့ ဒီစစ်ရေးထောက်လှမ်းမှုတွေကို လျှော့ချဖို့ လိုနေပြီး၊ နောက်ဆုံးကျရင်တော့ ဒီထောက်လှမ်းမှုတွေကို အဆုံးသတ်ပေးသင့်တယ်လို့ ဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံကို ၃ ရက်တာ ခရီးရောက်ရှိနေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Rice က အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေ လျှော့ချနိုင်ဖို့ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့ လိုတယ်လို့ တောင်းဆိုလိုက်ချိန်မှာ တရုတ်ဘက်က ခုလို တုံ့ပြန် တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့လတုန်းကတော့ တရုတ်တိုက်လေယာဉ်တစီးအနေနဲ့ အမေရိကန် ထောက်လှမ်းရေး လေယာဉ်နား ၉ မီတာအတွင်းထိ မောင်းဝင်လာတာဟာ ရန်လိုပြီး ပရမ်းပတာ လုပ်ရာကျတယ်လို့ အမေရိကန် Pentagon စစ်ဌာနချုပ်ဘက်က စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းပယ်လိုက်ပြီး သူ့ ဂျက်လေယာဉ်အနေနဲ့ လုံခြုံတဲ့ အကွာအဝေးတွင်းမှာ ပျံနေခဲ့တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီပြဿနာဖြစ်ရတာက အမေရိကန်လေယာဉ်အနေနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းနားက နိုင်ငံတကာပိုင် လေကြောင်းထဲကို ရောက်နေတာကြောင့်သာ ဖြစ်တယ်လို့ ပြန်စွပ်စွဲလိုက်ပါတယ်။

အမျိုးသားအကြံပေး Rice ကတော့ အမေရိကန်နဲ့ တရုတ်အကြား စစ်တပ်အချင်းချင်း ဆက်ဆံရေးက ပြီးခဲ့တဲ့နှစ်တွေထဲမှာ တိုးတက် အားကောင်းလာနေတယ်။ တကယ်တော့ အခုအချိန်က အမေရိကန်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးထားလုပ်နေတဲ့ ကာလဖြစ်တယ်လို့ ဒီနေ့ ပြောခဲ့ပါတယ်။

Susan Rice က ဆက်ပြီး အမေရိကန်နဲ့ တရုတ်အစိုးရတို့မှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာကို အသိအမှတ်ပြုတယ်။ ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ရှုတ်ထွေးသွားစေနိုင်တဲ့ လုပ်ရပ်မျိုးကိုတော့ နှစ်ဘက်လုံးက ရှောင်ရှားသင့်တယ်လို့ ဆိုလိုက်ပါတယ်။

please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

​
XS
SM
MD
LG